ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်ငံ ဒုံးကျည်စနစ်ကို မြောက်ကိုရီးယားနိုင်ငံက တီထွင်နေဖွယ်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန က ထုတ်ပြန်ထားသည်။“မကြာသေးခင်က ရရှိထားတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေး အချက်အလက်များ ကို အခြေခံပြီး ကောက်ချက် ချရရင် မြောက်ကိုရီးယားအနေနဲ့ ရေငုပ်သင်္ဘောကနေပစ်နိုင်တဲ့ ဒုံးကျည်ပစ်စင်စနစ်ကို အကောင်အထည်ဖော်နေ တဲ့ လက္ခဏာတွေ တွေ့ထားရပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနအရာရှိ ကင်မ်မင် ဆွတ်ခ်က ပြောကြားသည်။
မြောက်ကိုရီးယား၏ တန်ချိန် ၃၀၀၀ ရှိ Golf-class ရေငုပ်သင်္ဘောသည် တာလတ်ပစ်ဒုံးကျည်များ ပစ်လွှတ် ရန် ပြင်ဆင်မွမ်းမံ၍ ရနိုင်ကြောင်း ကင်မ်မင်ဆွတ်ခ်က စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။
အမေရိကန်-တောင်ကိုရီးယားဌာနမှ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဂျက်ဖရီလူးဝစ်က အဆိုပါ ဒုံးကျည်စနစ်ကို မြောက်ကိုရီး ယားပိုင်ဆိုင်သွားပါက ဒေသတွင်း တည်ငြိမ်ရေးကို ပိုမိုခြိမ်းခြောက်လာနိုင် ကြောင်း သတိပေးပြော ကြားသည်။
မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘောအုပ်စုတွင် များစွာခေတ်နောက် ကျနေပြီ ဖြစ်သော ဆိုဗီယက်ခေတ် ရေငုပ်သင်္ဘောများဖြင့် ဖွဲ့စည်းထား သည်။
Ref:BBC
Mizzima - News in Burmese
No comments:
Post a Comment