Tuesday, September 16, 2014

ကမ္ဘာလှည့်ခရီးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်းအပန်းဖြေ ကမ်းခြေတစ်ခုတွင် အသတ်ခံရ



ထိုင်းပင်လယ်ကွေ့အနီးရှိ ခိုတောင်ကမ်းခြေတွင် ပြုလုပ်သော ကမ္ဘာလှည့်ခရီးသည်များ၏ ပါတီပွဲကို လာ ရောက်ခဲ့သည့် ပြင်သစ်နိုင်ငံ နော်မန်ကမ်းခြေအနီးရှိ ဂျာဆီကျွန်း သီးခြားအုပ်ချုပ်ခွင့်ရ ဒေသမှ အမျိုးသား တစ်ဦးနှင့် အင်္ဂလန်နိုင်ငံအရှေ့ပိုင်း နော့ဖက်ခ်ဒေသမှ အမျိုးသမီးတစ်ဦးတို့သည် ဘန်ဂိုလိုများမှ မီတာ ၃၀ခန့် ကွာဝေးသော ကျောက်ဆောင်များအနီးတွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက သတ်ဖြတ်ခံ ခဲ့ ရကြောင်း သိရသည်။

ဦးခေါင်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြသော အသက် ၂၃ နှစ် အရွယ်အမျိုးသမီး ဟန်နာဝစ် သာရစ်ခ်ျနှင့်၂၄ နှစ်အရွယ် ဒေးဗစ်မေလာတို့၏ အလောင်း ကို စက်တင်ဘာ ၁၄ ရက်  နံနက် ၆ နာရီ မိနစ် ၃၀ ခန့်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးအား ပေါက်တူးဖြင့် ဦး ခေါင်းကို ခုတ်သတ်သွားခြင်းဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်ထား သည်။

မေလာနှင့် သူငယ်ချင်းသုံးဦးသည် ခိုတောင်ကျွန်းသို့ သြဂုတ် ၂၅ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၀စ်သာရစ် ခ်ျနှင့် သူမ၏ မိန်းကလေးသူငယ်ချင်း သုံးဦးတို့သည် စက်တင်ဘာ ၁၂ ရက် နောက်ပိုင်းတွင် ရောက်ရှိလာ ခြင်းဖြစ် ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံသို့ ရောက်မှ သိကျွမ်းသွားသူများဖြစ်နိုင်ပြီး ဘန်ဂလိုသို့ လမ်းလျှောက်ပြန် လာစဉ် လုယက်ခံရရာမှ အသတ်ခံ ရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ထားသည်။

၎င်းတို့နှစ်ဦး သေဆုံးပြီး နာရီအနည်းငယ်အကြာတွင် ခိုတောင်ကျွန်းမှ ထွက်ခွာသွားသည့် မေလာ၏ သူငယ်ချင်းတစ်ဦးကို ရဲများက အရေးပေါ် လိုက်လံ ရှာဖွေလျက်ရှိသော်လည်း သံသယရှိသူအဖြစ် သတ် မှတ်မထားသေးပေ။ လက်များတွင် ဒဏ်ရာများ ရရှိထားသည့် မေလာ၏ အခြား သူငယ်ချင်းတစ်ဦးကို ရဲများ ဖမ်းဆီးခဲ့သော်လည်း ကျေနပ်လောက်သည့် ရှင်းလင်းချက်များ ထွက်ဆိုနိုင် သောကြောင့် အမှုတွင်မပတ် သက်ဟု ယူဆကာ ပြန်လွှတ်ပေးထားကြောင်း သိရသည်။

ခရိုင်ရဲချုပ် ကိုင်တီပေါင်ခေါ်ဆာမန်က “သူတို့နှစ်ယောက် ကမ်းခြေပေါ်မှာ အ၀တ်အစားမပါဘဲ သေနေတာ တွေ့ရပါတယ်။ ဒဏ်ရာအများစုဟာ ဦးခေါင်းမှာဖြစ်ပြီး လူသတ်မှုမှာ တစ်ယောက်ထက်ပို ပြီးတော့ ပါဝင်နိုင်ပါတယ်။ သူတို့ ဒီကမ်းခြေပေါ်မှာပဲ ရှိနိုင်ပါသေးတယ်” ဟု ပြောကြားခဲ့သည်။

ဝစ်သာရစ်ခ်ျအား မသတ်မီ ဗလက္ကာပြုခံရခြင်းရှိ၊မရှိ ၎င်း၏အလောင်းကို စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါကမ်းခြေမှ ၀န်ထမ်းတစ်ဦးက “ဒီကျွန်းမှာ အခုလိုဖြစ်တာ ပထမဆုံး အကြိမ်ပါပဲ” ဟု ပြောကြား သည်။

မေလာ၏ မိန်းကလေးသူငယ်ချင်းဖြစ်သူ ဂျက်ဆီဟိုးဝေါ့သ်က “ကျွန်မတို့နှစ် ယောက် အတူတူလက်တွဲ သွားကြဖို့ ကတိပြုခဲ့ကြပါတယ်။ အခုလိုဖြစ်သွားပေ မယ့် ကျွန်မ သူ့ကို တစ်သက်လုံး နေ့တိုင်း ချစ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ 

၂၀၁၃ ခုနှစ် မတ်လမှ ယခုအချိန်အထိ ထိုင်းနိုင်ငံတွင် သေဆုံးသွားသူ ဗြိတိန်နိုင်ငံသား ၃၈၉ ဦးရှိသွား ပြီဖြစ်ကာ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သူ သို့မဟုတ် အခြေချနေထိုင်သူ ဗြိတိန်နိုင်ငံသား ၂၄၀၀ ဦးလျှင် တစ်ဦး သေဆုံးခြင်းဖြစ်ကာ ရိုးရိုးသေဆုံးမှုများလည်း ပါဝင်ကြောင်း သိရသည်။

Ref:Daily Mail, AFP
Mizzima - News in Burmese 

No comments:

Post a Comment

My Blog List