Wednesday, September 17, 2014

တောင်တက်သမားနှစ်ဦး ရှာဖွေရန် ထိုင်းကယ်ဆယ်ရေးရဟတ်ယာဉ် လာရောက်ကူညီမည်


၁၇ ရက်ကြာ အဆက်အသွယ်ပြတ်၊ ပျောက်ဆုံးနေသောတောင်တက်သမားနှစ်ဦး ကို ရှာဖွေကယ်ဆယ်ရန် အဖွဲ့များမှာ တဟွန်ဒမ်းရွာသို့ ရောက်ရှိပျောက်ဆုံးနေ သောခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးကို ရှာဖွေရန် ပြည်ပနိုင်ငံများသို့ ကမ်းလှမ်းထားရာ ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးရဟတ်ယာဉ်လာ ရောက်ကူညီ မည်ဟု ထူးဖောင် ဒေးရှင်းမှ သတင်းရရှိသည်။

ထူးဖောင်ဒေးရှင်း၏ ကမ်း လှမ်းမှုဖြင့် ထိုင်းနိုင်ငံမှ ကူညီ ပေးမည့် ကယ်ဆယ်ရေး ရဟတ်ယာဉ်သည် စက်တင်ဘာ ၁၆ ရက် ညနေတွင် ထိုင်းနိုင်ငံမှ ထွက်ခွာလာပြီး မန္တလေးလေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။ ယင်းမှပူတာအိုသို့ သွားရောက်၍ တောင်ခြေရှိ တဟွန်ဒမ်းရွာသို့ ဆက်လက်ထွက်ခွာပြီး ရှာဖွေရေး လုပ်ဆောင်မည်ဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ထိုင်းနိုင်ငံမှ လာရောက်ကူညီမည့်ရဟတ်ယာဉ်နှင့် လေယာဉ်မှူးမှာ လွန်ခဲ့သည့်သုံးနှစ်က ထူးဖောင်ဒေးရှင်း နာယက ဦး တေဇ မဒွယ်တောင်တွင် ရဟတ်ယာဉ်ပျက်ကျစဉ် လာရောက်ကယ်ဆယ်ပေးခဲ့သူများလည်း ပါဝင်ကြောင်း ၎င်းကပြောသည်။

‘‘ထိုင်းနိုင်ငံကလာမယ့်ရဟတ်ယာဉ်နဲ့ ထူးဖောင်ဒေးရှင်းက ရ ဟတ်ယာဉ်တွေ ပူးပေါင်းပြီးတော့ ရှာဖွေရေး လုပ်မှာပါ။ ဘယ်နှစီး လာမယ်ဆိုတာ မသိရသေးဘူး။ ရေခဲတောင်တက်ရာမှာ သုံးမယ့် တောင်တက် ပစ္စည်းတွေကိုလည်း ပြည်ပနိုင်ငံတွေက မှာတာရောက် ပါပြီ။ ထူးဖောင်ဒေးရှင်းက ကျွမ်းကျင်တောင်တက် သမားတွေက ရှာဖွေရေး ဆက်လုပ်သွားပါမယ်’’ဟု ၎င်းကပြောသည်။

ပျောက်ဆုံးနေသည့် တောင် တက်သမား နှစ်ဦးကို လွန်ခဲ့သော ၁၈ နှစ်က ခါကာဘိုရာဇီတောင် တက်ခဲ့သော ဒေသခံနမားဂျွန်ဆင်ဦးဆောင်သည့် ဒေသခံများပါဝင် သော မြေပြင်ရှာဖွေရေးအဖွဲ့က ရှာဖွေရေးလုပ်ဆောင်လျက်ရှိ ပြီး ဧ၀ရက်တောင်တက်ရောက်ရန် လေ့ကျင့်ထားသည့် ထူးဖောင် ဒေးရှင်းမှ တောင်တက်သမား နှစ်ဦးသည် အင်္ဂါနေ့နေ့လယ် တွင် တဟွန်ဒမ်းရွာသို့ရောက်ရှိ ပြီး မြေပြင်ရှာဖွေရေး အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထူး ဖောင်ဒေးရှင်းမှ သိရသည်။

တောင်တက်သမား နှစ်ဦး ကို ရှာဖွေရန် ပြည်ပနိုင်ငံများသို့ ကမ်းလှမ်းခဲ့ရာ စက်တင်ဘာ ၁၃ ရက်က တရုတ်နိုင်ငံမှ အပြာရောင်မိုးကောင်ကင်ရှာဖွေ ကယ်ဆယ် ရေးအဖွဲ့ရောက်ရှိလာခဲ့သည်။ ယင်းအဖွဲ့မှာ ရဟတ်ယာဉ်အ သုံးပြု၍ ရှာဖွေမည်ဖြစ်သည့်အတွက်ရာသီဥတုမကောင်း၍ ရှာဖွေရေးလုပ်ဆောင်ရန် မသေချာသေးဘဲ ယင်းကယ်ဆယ်ရေးအဖွဲ့မှပင် အဖွဲ့ဝင် ၈ ဦးသည် ပူးပေါင်းကူညီရန် ခါကာဘိုရာ ဇီတောင်နှင့် အနီးစပ်ဆုံးဖြစ်သည့် တရုတ်နိုင်ငံ၊ တိဗက်ခရိုင်အတွင်းသို့ ရောက်ရှိနေပြီဖြစ် ကြောင်းသတင်း ရရှိသည်။

တောင်ခြေစခန်းအထိ တက်ရောက်နိုင်ခဲ့သည့် တက္ကသိုလ်ခြေလျင်နှင့် တောင်တက် အသင်း(သဘာဝခေါ် သံဖောင်ဒေးရှင်း)မှ အဖွဲ့ဝင် ခြောက်ဦးသည် ယနေ့ညနေတွင် တဟွန်ဒမ်းမှ ပူတာအိုသို့ ပြန်လည်ရောက် ရှိလာခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ရန် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးမည်ဟု သိရသည်။

တောင်ထိပ်ရောက်အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ကိုအောင် မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့မှာ ခါကာဘိုရာဇီ တောင်ထိပ်သို့ သြဂုတ် ၃၁ ရက်တွင် ရောက်ရှိ ပြီးနောက် အဆက်အသွယ်ပြတ် တောက်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပျောက်ဆုံးနေသည်မှာ ၁၇ ရက်ရှိပြီဖြစ်သည်။

ကချင်ပြည်နယ် ပူတာအို ခရိုင်၊ နောင်မွန်မြို့နယ်တွင် တည်ရှိသည့် ခါ ကာဘိုရာဇီရေခဲတောင်သည် ၁၉၂၉၆ ပေမြင့်မားသည်။ ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်က မြန်မာ-ဂျပန်ချစ်ကြည်ရေးပူး ပေါင်းတောင် တက်အဖွဲ့မှ ဂျပန် လူမျိုးမစ္စတာ အိုဇာကီနှင့် မြန်မာ နိုင်ငံသားတိဗက်လူမျိုး နမား ဂျွန်ဆင်တို့က ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့ရာ ၁၈ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။

ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးနှင့် တောင်ခြေစခန်းအထိ အတူလိုက်ပါတက်ရောက်ခဲ့သော သဘာဝခေါ်သံဖောင်ဒေးရှင်းမှ ကျန်တောင်တက် အဖွဲ့ဝင် ခြောက်ဦး ပူတာအိုမြို့သို့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ပြန်လည်ရောက်ရှိလာစဉ် 
7Day Daily

No comments:

Post a Comment

My Blog List