Tuesday, September 16, 2014

မလေးရှားတွင် မြန်မာနိုင်ငံသား ၂ ဦး၏ အလောင်း တွေ့ရှိ



မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ပယ်မာတန်တင်ဂီမြို့လေးက ဂျာလန် ကမ်ပန် မန်ဂီစ် နယ်မြေရှိ ဆီအုန်းစိုက်ခင်းထဲမှာ မြန်မာနိုင်ငံသား ၂ ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ မလေးရှားက The Star Online သတင်းမှာ ဖော်ပြထား ပါတယ်။
ရွာသားတယောက်က စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၈ နာရီမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး ချက်ချင်းပဲ ရဲကို အကြောင်းကြား ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၂ ယောက်လုံးဟာ အသက် ၃၀ အရွယ်တွေ ဖြစ်ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထိုးသွင်းဒဏ်ရာ အများအပြားနဲ့ မျက်နှာတွေပေါ်မှာလည်း အစင်းရာ ကုတ်ခြစ်ရာတွေကို တွေ့ရတယ်လို့ ပြည်နယ် စီအိုင်ဒီအကြီးအကဲ အဆင့်မြင့်လက်ထောက် တပ်ဖွဲ့မှူး မာဇလန် ကီဆားက ပြောပါတယ်။

သူတို့တွေကို သတ်ဖြတ်ပြီးတော့မှ ဒီနေရာမှာ လာပစ်ထားတာလို့ ယူဆကြောင်းလည်း ပြောပါတယ်။ သေဆုံးသူထဲက တယောက်မှာ အလုပ်လုပ်ခွင့် ပါမစ် ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီလူ ၂ ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ ရရှိရင် အနီးဆုံး ရဲစခန်းကို အကြောင်းကြားဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

မနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာတော့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အကြမ်းဖက် တိုက်ခိုက်ခံရ မှုတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ မလေးရှား လွှတ်တော်ထံ စာရေးတောင်းဆို သွားမယ်လို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကလည်း ၂၀၁၂ ကနေ ၂၀၁၄ ခုနှစ် စက်တင်ဘာ အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၁၁ မှု၊ မလေးရှားရဲက ၁၀ မှု အပြန်အလှန် အကူအညီ တောင်းခံခဲ့ကြပြီး အဲဒီအထဲက ၁၀ မှုကို အပြန်အလှန် ကူညီနိုင်ခဲ့တယ်လို့ ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List