Wednesday, September 17, 2014

၂၀၀၆ ခုနှစ် စစ်ဘက်အာဏာသိမ်းပြီးနောက်ပိုင်း ဖီဂျီနိုင်ငံသားတို့ ပထမဆုံး ရွေးကောက်ပွဲ မဲပေးခွင့်ရ



၂၀၀၆ ခုနှစ် စစ်ဘက်အာဏာသိမ်းပြီးနောက်ပိုင်း ဖီဂျီနိုင်ငံ၏ ပထမဆုံး အကြိမ်ရွေးကောက်ပွဲကို စက် တင်ဘာ ၁၇ ရက်က ကျင်းပခဲ့ရာ ပြဿနာအခက် အခဲတစ်စုံတစ်ရာ မရှိခဲ့ဘဲ ပြည်သူများက မဲရုံသို့ ပျော်ရွှင်စွာ လာရောက် မဲပေးခဲ့ကြကြောင်း သိရသည်။

မဲလာရောက်ပေးသည့် ဒေသခံတစ်ဦးဖြစ်သူ အိုင်ရီဗီဒရာအန်ဒယ်လိုက “ဒီလို မဲပေးနိုင်ဖို့ စောင့်နေရ တာ ရှစ်နှစ်တောင် ရှိသွားပါပြီ။ စစ်တပ်က အာဏာသိမ်းမှုတွေ ခဏခဏဖြစ်ခဲ့ပါတယ်။ ဖီဂျီပြည်သူ တွေအနေနဲ့ ဒီမိုကရေစီစနစ်အစစ်ကို ကျင့်သုံးတဲ့ အစိုးရတစ်ရပ်ကို မျှော်လင့်နေပါတယ်” ဟု ပြောကြားသည်။

စစ်ဘက်အာဏာသိမ်းခေါင်းဆောင် ဗိုရက်ဘင်နီမာရာမာ ဆန္ဒမဲလာပေးမည့် ဆူဗာ မြို့တော်အပြင်ဘက် ရှိ မဲရုံတွင် မဲရုံတံခါးမဖွင့်မီကပင် လူအများအပြား တန်းစီစောင့်ဆိုင်းခဲ့ကြောင်း သိရသည်။

ဒေသခံဖီဂျီတိုင်းရင်းသားများနှင့် အင်ဒီးယန်းမျိုးနွယ်များအကြား တင်းမာမှုများကြောင့် မတည်ငြိမ်မှု များဖြစ်ပေါ်ရာမှ ၁၉၈၇ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်အကြား ဖီဂျီနိုင်ငံတွင်  စစ်ဘက်အာဏာသိမ်းမှုများ ကြောင့် အစိုးရ လေးဖွဲ့ ပြုတ်ကျခဲ့ရာ ယခုရွေးကောက်ပွဲသည် စစ်အာဏာသိမ်းမှု အလေ့အထကို အဆုံးသတ်စေ မည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရန် ပြည်သူများက မျှော်လင့်ထားကြသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List