Tuesday, September 16, 2014

ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် NLD အကြီးအကဲ တဦးအား သတ်ဖြတ် သူဟု သံသယ ရှိသူကို အသေ ဖမ်းမိ


သျှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်း ကျေးရွာရှိ NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အား ပြီးခဲ့သည့် ဂျွန်လက ပစ်သတ်ခဲ့သည်ဟု သံသယရှိသူကို ရဲများ ပစ်ခတ် ဖမ်းဆီးရမိခဲ့သည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောသည်။

ဟိုပုံးမြို့နယ် NLD ဒု-ဥက္ကဋ္ဌ စိုင်းစံထွန်းပစ်သတ်ခံရပြီး သုံးလအကြာ အဆိုပါသံသယရှိသူ မိုင်းပျဉ်း ကျေးရွာအုပ်စုအတွင်းရေးမှူး ဦးဆွေ(ခ)သဆွေ အား ရဲများကသွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသိရ ပါသည်။ 

“ စက်တင်ဘာ  ၁၂ ရက်က ရဲတွေ သွားဖမ်းတော့ သူကပြောင်းဖူးခင်းထဲကို ထွက်ပြေးတယ်၊ ရဲတွေက လည်း သေနတ်နဲ့ လိုက်ပစ်တာ။ သုံးချက်ပစ်တာ နှစ်ချက်ထိတယ်။ တောင်ကြီးစဝ်စံထွန်းဆေးရုံကိုခေါ် လာတဲ့ချိန် ဆေးရုံရောက်ခါနီးမှာဘဲ ပဲသွေးထွက်လွန်ပြီးဆုံးသွားတယ်” ဟု ဦးတင်မောင်တိုး က ဆိုသည်။ 

မိုင်းပျဉ်း ကျေးရွာအုပ်စု အတွင်းရေးမှူး ဦးဆွေ(ခ)သဆွေ သည် ဦးစိုင်းစံထွန်း နှင့် မြေယာပြဿနာရှိခဲ့ဖူး ကြောင်း NLD ပါတီမှ စုံစမ်းသိရှိထားသည့် အချက်အလက်များကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့ထံ တင်ပြပေး ထားကြောင်း NLD အသိုင်း အဝိုင်းများထံမှ သိရပါသည်။ 

အမှုဖြစ်စဉ်နှင့်ပတ်သက်၍  သက်ဆိုင်ရာ ဟိုပုံးရဲစခန်း၊ အမှုနှင့်ပတ်သက်သော တာဝန်ရှိသူများအား ဆက် သွယ်ခဲ့သော် လည်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ 

မိုင်းပျဉ်းကျေးရွာ NLD အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသက် ၄၇ အား ဂျွန်လ ၄ ရက် ညသန်းခေါင်က အမည်မသိ လူနှစ်ဦးမှ  လာရောက်ခေါ် ဆောင်သွားပြီး နေအိမ်နှင့် မလှမ်းမကမ်းနေရာ တွင် သေနတ်ဖြင့် သုံးချက် ပစ်သတ် ခဲ့သည်။ 

ဧပြီလ(၂၅)ရက်နေ့ ၂၀၁၄ တွင်လည်း နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်ဖြစ်သော ခွန်ထင်ကျော်ဆိုသူလည်း ဓါးဖြင့်လုပ်ကြံသတ်ဖြတ်ခံခဲ့ရဖူးပြီး ယခုတိုင်အမှုမှန်နှင့် တရားခံပေါ်ပေါက်ခြင်းမရှိသေးကြောင်း တောင်ကြီး မြို့ NLD အသိုင်းအဝိုင်းများထံမှ ဆက်လက်သိရှိရပါသည်။။

Panglong(Burmese)

No comments:

Post a Comment

My Blog List