လက်ပံတောင်းတောင်တွင် ကြေးနီထုတ်လုပ်နေသည့် ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦး ပြန်ပေးဆွဲ ခံရမှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသော မန္တလေးတက္ကသိုလ်၊ ဒုတိယနှစ် မြန်မာစာ (အဝေးသင်)ကျောင်းသူ မနှင်းဖြူထွေးကို စက်တင်ဘာ ၁၅ ရက်က ယင်းမာပင်ခရိုင် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
၎င်းကို ပြန်ပေးဆွဲမှုနှင့် သက်ဆိုင်သော ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၄/ ၃၆၈ တို့ဖြင့် တရားစွဲဆိုထား သည်ဟု ညောင်ပင်ကြီး ရဲကင်းစခန်းမှူး ရဲအုပ် မျိုးညွှန့်ဦးက အတည်ပြုသည်။
မေ ၁၈ ရက်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးတွင် ဖြစ်ပွားခဲ့သည့် ကိစ္စတွင် ပါဝင်သည်ဟု ဆိုကာ စက်တင်ဘာ ၁၃ ရက်က မန္တလေးမြို့၊ ပုသိမ်ကြီး မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် မနှင်းဖြူထွေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။
၎င်းကို မန္တလေးမြို့မှ ဖမ်းဆီးလာခဲ့ပြီးနောက် မုံရွာမြို့မ ရဲစခန်းအချုပ်သို့ ယင်းနေ့ ည၌ပင် ချက်ခြင်းပို့ဆောင် ခဲ့သည်။
မန္တလေးမြို့မှ ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး မုံရွာမြို့မရဲစခန်း အမျိုးသမီးအချုပ်ခန်း တွင် စက်တင်ဘာ ၁၃ ရက် ညနေ ၇နာရီ ၅ မိနစ်အချိန်မှ စတင်၍ ချုပ်နှောင် ထားရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ယင်မာပင်ခရိုင်တရားရုံး သို့ ပထမ အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment