Tuesday, September 16, 2014

သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၈ရက်တွင် စီရင်ချက်ချမည်


ပဲခူးတိုင်း တောင်ငူထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ရဲတိုက်ကို သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၆ရက် နေ့လည်က ရုံးချိန်း ချိန်းဆိုခဲ့ သည်။

ယနေ့အပြီးသတ် စီရင်ချက်ချရန် ချိန်းဆိုထားသော်လည်း စက်တင်ဘာ ၁၈ရက်မှသာ စီရင်ချက်ချရန် တရားရုံးက ပြန်လည် ချိန်းဆိုလိုက်သည်ဟု သရုပ်ဆောင်ရဲတိုက်၏ ရှေ့နေက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ် မေလက ၂၈ရက်က ဗိုလ်တထောင်မြို့နယ်အတွင်းရှိ စိန့်မေရီကာသီဒြယ် ဘုရား ကျောင်းအတွင်း ဒုတိယအကြိမ် ဝင်ရောက်ရန် ကြိုးစားရာ ဝင်ခွင့်မပြု၍ တစ်ကိုယ်တော် ဆန္ဒပြသဖြင့် ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းတွင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ယင်းအပြင် သရုပ်ဆောင်ရဲတိုက်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် ကျောက်တံခါးမြို့နယ် ရဲစခန်းတွင် ၂၀၁၃ခုနှစ် ဇူလိုင်လက ထိန်းသိမ်းခံခဲ့ရပြီးနောက် စက်တင်ဘာလတွင် ထောင်ဒဏ် ၆နှစ် ချမှတ်ခံထားရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List