Thursday, September 18, 2014

ပျောက်ဆုံးတောင်တက်သမားနှစ်ဦးအားအမေရိကန်အပါအဝင် နိုင်ငံခြောက်နိုင်ငံ ပူးပေါင်းရှာရန်ပြင်ဆင်



ခါကာဘိုရာဇီ ရေခဲတောင်တွင် နှစ်ပတ်ကြာ ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးအား အမေရိကန် အပါအဝင် ခြောက်နိုင်ငံအထိ ပူးပေါင်းကာ အင်အားတိုးမြှင့် ရှာဖွေရန် ပြင်ဆင်နေ ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။

အဆိုပါပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးအား ရှာဖွေရန် လက်ရှိတွင် မြန်မာ၊ ဂျပန်နှင့် တရုတ် သုံးနိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ် ဆောင်နေလျက် ရှိပြီး ထပ်မံ၍ကယ်ဆယ် ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရန် အမေရိကန်၊ နီပေါနှင့် ထိုင်းနိုင်ငံတို့အား ကမ်းလှမ်းထားကြောင်း ထူးဖောင် ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက ရန်ကုန်တိုင်းမ်ဂျာနယ် သို့ပြောသည်။

''လက်ရှိမှာတော့ ထိုင်းက ရဟတ်ယာဉ်တစ်စင်း ရောက်ရှိလာပါပြီ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရင် အတိုင်းလုပ်နေဆဲပါ''ဟု အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းများ ဦး ဆောင် ဆောင်ရွက်လျက်ရှိသော ၄င်းက ပြောသည်။

မီဒီယာတချို့တွင် ဖော်ပြလျက်ရှိ သော တရုတ်ကယ်ဆယ်ရေးအဖွဲ့ အဆင့်မမီ၍ ပြန်လွှတ်သည်ဆိုသည်မှာ မှန်ကန်မှုမရှိဘဲ နည်းပညာလိုအပ်ချက်အရ တရုတ်နိုင်ငံ ကူမင်းရှိ ကယ်ဆယ် ရေးအဖွဲ့တစ်ခုနှင့် ပူးပေါင်း ကာ တရုတ် နိုင်ငံဘက်ခြမ်းမှ ရှာဖွေရန် ပြန်သွား ခြင်းသာဖြစ်ကြောင်း ၄င်းကရှင်းလင်း ပြောကြားသည်။

ပျောက်ဆုံးနေသော တောင်တက် သမားနှစ်ဦးမှာ သြဂုတ် ၃၁ ရက်ညနေ ၅နာရီကျော်ခန့်က အမြင့်ပေ ၁၉ဝဝဝ ကျော်ရှိသော ခါကာဘိုရာဇီတောင်ထိပ်တွင် အလံစိုက်နိုင်ခဲ့ပြီး တောင်ပေါ်မှ အဆင်းတွင် အဆက် အသွယ် ပြတ် တောက်ကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

တောင်တက်သမားနှစ်ဦး ပျောက် ဆုံးနေကြောင်း စက်တင်ဘာ ၁ရက်တွင် တရားဝင်ထုတ်ပြန်ပြီးနောက် တွင် အဆိုပါတောင်ခြေရှိ ဒေသခံများနှင့် ဦးတေဇဦးဆောင်သော ထူးဖောင်ဒေးရှင်းနှင့် သဘာဝခေါ်သံ ဖောင်ဒေးရှင်းတို့ဦးဆောင်ကာ ရှာဖွေမှုများ ပြုလုပ်လျက်ရှိသော်လည်း လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment

My Blog List