Wednesday, September 17, 2014

အိုင်အက်စ်အဖွဲ့က ဆီးရီးယား စစ်လေယာဉ်တစ်စင်းကို ပစ်ချ


အိုင်အက်စ်အဖွဲ့က ဆီးရီးယားဂျက်လေယာဉ်တစ်စင်းကို ပစ်ချလိုက်သည်။ ယင်းသည် ခါလီဖိတ် နိုင်ငံ တော် ထူထောင်ပြီးကြောင်း အိုင်အက်စ်အဖွဲ့က ဂျွန်လအတွင်းက ကျေညာခဲ့ပြီးနောက်ပိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်သည်။

စစ်လေယာဉ်သည် ဒမတ်စကတ်မြို့တော် နှင့် ၄၀၀ ကီလိုမီတာ( ၂၅၀ မိုင် )အကွာတွင် ရှိသော အိုင်အက် စ် တပ်ဖွဲ့များက အခိုင်အမာထိန်းချုပ်ထားသည့် ရက်ကာ မြို့တော်အနီးတွင် ပစ်ချခံခဲ့ရခြင်းဖြစ်သည်။ 

အိုင်အက်စ်အဖွဲ့က လေယာဉ်ပစ် စက်အမြောက်များကို အသုံးပြုခဲ့သည် ဟု သိရှိရသည်။

ပြီးခဲ့သော အပါတ်က အမေရိကန်သမ္မတ အိုဘားမားက အိုင်အက်စ်အဖွဲ့ကို ဆီးရီးယား နိုင်ငံအတွင်း လေကြောင်းမှ တိုက်ခိုက်မှုများကို ပြုလုပ်ရန်အတွက် အတည်ပြုချက် ပေးခဲ့သည်။

ဆီးရီးယားလေတပ်မတော်က ရက်ကာခရိုင်စု နှင့် ဒီးယားအယ်လ်ဇော် ခရိုင်စုများအတွင်း အိုင်အက်စ် အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ရန်အတွက် အမေရိကန်ပြည်ထောင်စုက စည်ရုံးနေသည့် ညွန့်ပေါင်း အဖွဲ့တွင်ပါဝင်ရန်အတွက် ဆီးရီးယားနိုင်ငံကို အမေရိကန်က ကမ်းလှမ်းထားသည်။

The Myanma Age

No comments:

Post a Comment

My Blog List