Wednesday, September 17, 2014

ဗြိတိန်စုံတွဲသတ်ဖြတ်ခံရမှု မြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့စစ်ဆေး



အသတ်ခံရသော ဗြိတိန်လူငယ်စုံတွဲ၏ အလောင်းများကို သယ်ယူရန်ပြင်ဆင်နေစဉ် 

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းပေါ်တွင် ဗြိ တိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွား နှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာအမျိုးသားလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေသည်။ဒေးဗစ်မီလာ (၂၄) နှစ်နှင့် ဟန်နာဝီသာရစ်ခ်ျ(၂၃)နှစ်တို့ကို ရေငုပ်သင်္ဘောများကြားရေပန်း စားရာကျွန်းပေါ်ရှိ ကမ်းခြေ ဘန်ဂ လိုတစ်ခုအနီးတွင် ၀တ်လစ်စားလစ်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

လူသတ်မှုဖြစ်ပွားရာနေရာ မှ ၃၅ ကိုက်ခန့်အကွာတွင်သွေးများ ပေကျံနေသော ပေါက်တူး တစ်လက် ကိုတွေ့ရှိခဲ့သည်။

‘‘စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာအမျိုးသားသုံးဦးကို ရဲတပ် ဖွဲ့က ထိန်းသိမ်းထားပါတယ်’’ဟု တောင်ပိုင်းဒေ သရဲမှူးကြီးပန်ယ မာမန်ကအေအက်ဖ်ပီ သတင်းဌာနအား ပြောသည်။ အသေးစိတ်အချက်အလက်များကိုမူ မပြောပေ။

ယင်းသတ်ဖြတ်မှုနှင့်ဆက် စပ်၍ သေဆုံးသူမီလာနှင့်အတူ ခ ရီးသွားနေသော ဗြိတိန်နိုင်ငံသား တစ်ဦးကို ရဲတပ်ဖွဲ့ကရှာဖွေနေ ကြောင်း ဗြိတိန်မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့ ၏ယခုပြောကြား ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မသင်္ကာသူမြန်မာများနေ ထိုင်သော အခန်းများကို ၀င် ရောက်စီးနင်းပြီးနောက် အိုင်ဖုန်း တစ်လုံးနှင့်သွေး စွန်းနေသောဂျင်း ဘောင်းဘီများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်ဟူသော ထိုင်းရုပ်သံများ၏ပြောကြား မှုကို ရဲမှူး ကြီးပန်ယမာမမ်ကအတည်ပြုမ ပေးနိုင်ကြောင်း အေအက်ဖ်ပီသ တင်းတွင် ဖော်ပြသည်။

အိမ်နီးချင်း မြန်မာနှင့် က မ္ဘောဒီးယားနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများသည် ထိုင်းနိုင်ငံ၌ ပြစ်မှုများကျူးလွန် နေကြသည်ဟု ထိုင်းအာဏာပိုင်များကမကြာခဏစွပ်စွဲလေ့ရှိသည်။

အသတ်ခံရသူများ၏ အ လောင်းများကို မှုခင်းဆေးပညာ ရှင်များက စစ်ဆေးရန် ဘန်ကောက်မြို့သို့ အင်္ဂါနေ့ညပိုင်း တွင်ရောက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းစစ်ဘက်အကြီးအကဲ ပရာယွတ်ချန်အိုချာကမူ တိုက် ခိုက်မှုကျူးလွန်ခဲ့သူများ၏လုပ် ရပ်ကိုသာမက သေဆုံးခဲ့သူများ၏ အပြုအမူကိုပါမေးခွန်းထုတ်ခဲ့ပုံ ပေါ်သည်။

‘‘တခြားတစ်ဖက်ရဲ့လုပ်ရပ် ကိုလည်း ကျွန်တော်တို့လေ့လာရ ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအဖြစ် အပျက်မျိုးဟာ ဘယ် သူ့ကိုမှ မဖြစ်စေသင့်ဘူး။ ကျွန် တော်တို့ရဲ့ ပုံရိပ်ကို ထိခိုက်ပါတယ်’’ဟု ၀န်ကြီးချုပ် ပရာယွတ်က ကမ္ဘာလှည့်ခရီးသွားနှစ်ဦးကို ရည်ညွှန်းရင်းသတင်းထောက်များအားပြောသည်။

ဗြိတိန်စုံတွဲမှာ မသေဆုံးမီ က ဒေသခံဘားတစ်ခု၌ ပါတီ တက်နေခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ က စောစောပိုင်း တွင်ပြောကြား သည်။ ၎င်းတို့နှစ်ဦးမှာ ဘားမှနံနက် ၁ နာရီတွင် ကမ်းခြေသို့သွားရောက်ခဲ့ပြီး ၎င်းတို့၏ အလောင်းများကို နံနက် ၆ နာရီခွဲတွင် တွေ့ရှိခြင်းဖြစ်သည်။ 

AFP
7Day Daily

No comments:

Post a Comment

My Blog List