Wednesday, September 17, 2014

အီဘိုလာတိုက်ဖျက်ရေး တတတ်တအားပါဝင်ကြရန် အမေရိကန်သမ္မတ တိုက်တွန်း


အမေရိကန်သမ္မတ အိုဘာမားက အနောက်အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါဟာ တကမ္ဘာလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အမေရိကန်နိုင်ငံက ရောဂါ တိုက်ဖျက်ရေးမှာ တတတ်တအားပါဝင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ကတိပြုလိုက်ပါတယ်။

ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာက အမေရိကန်နိုင်ငံကို အားကိုးနေကြပေမယ့် တကမ္ဘာလုံးရဲ့ အတိုင်း အတာနဲ့ တိုက်ဖျက်မှ အောင်မြင်နိုင် မယ်လို့လည်း အိုဘားမားက ပြောဆိုပါတယ်။

အမေရိကန်နိုင်ငံက အနောက်အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါ ကာကွယ်ကုသရေး ဌာနတွေကို ဆောက်လုပ်ဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀၀ စေလွှတ်တော့မှာ ဖြစ်ပါတယ်။

လောလောဆယ် အမေရိကန်ရဲ့ အကူအညီတွေထဲမှာ အီဘိုလာရောဂါကုသရေး ဆေးဝန်ထမ်း ၁ ပတ်ကို အယောက် ၅၀၀ သင်တန်းပေးဖို့၊ အီဘိုလာရောဂါ ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ ထောက်ပံ့ရေးပစ္စည်းတွေ မြန်မြန်ဆန်ဆန် ပေးပို့နိုင်ဖို့ အမေရိကန်နိုင်ငံက လေကြောင်းအကူအညီပေးဖို့နဲ့ အီဘိုလာရောဂါ ကာကွယ်ရေး အိမ်သုံးပစ္စည်းတွေ သိန်းနဲ့ချီပြီး ဖြန့်ဝေဖို့တွေ ပါဝင်ပါတယ်။

ဒဗလျူအိတ်ခ်ျအိုအဖွဲ့ကြီးက ဒီနှစ်အတွင်း အီဘိုလာရောဂါနဲ့ သေဆုံးသူ ၂၄၆၁ ဦး သေဆုံးသွားပြီး ကြေညာထားပြီး သေဆုံးသူ ဦးရေရဲ့ ၂ ဆလောက်ဟာ လက်ရှိ ရောဂါ ကူးစက်ခံနေရပါတယ်။

ပြီးခဲ့တဲ့လက ရောဂါကူးစက်ခံရသူဦးရေ ရုတ်တရက် မြင့်တက်လာခဲ့ပြီး လက်ရှိ သုံးစွဲနေတဲ့ငွေကြေးထက် ၁၀ ဆ၊ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ လိုအပ်တယ် လို့လည်း ယူအန်က ပြောဆိုပါတယ်။

ဆေးရုံနဲ့ ဆေးခန်းတွေဟာ လူနာဦးရေကို လက်မခံနိုင်တော့တာကြောင့် ဒီနိုင်ငံတွေမှာ အခြေအနေကို လုံးဝ မထိန်းနိုင်တော့ရင် တကမ္ဘာလုံးရဲ့ လုံခြုံရေးကို ထိခိုက်လာတော့မှာလို့ လည်း ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List