ISIS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ စီစဉ်နေတုန်းမှာပဲ ဗြိတိန်အစိုးရ ကလည်း သူ့နိုင်ငံသား David Haines ကို လည်လှီး သတ်ဖြတ်ခဲ့တဲ့ ISIS အဖွဲ့ဝင်ကို မြေလှန် ရှာဖွေမှုတွေ လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။
အသက် ၄၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား David Haines ဟာ လူသားခြင်းစာနာမှု ထောက်ပံ့ရေးတွေ လုပ်တဲ့ အမှုထမ်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လည်လှီးသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ISIS အကြမ်းဖက် အဖွဲ့ရဲ့ ရမ်းကားခြိမ်းခြောက်မှုကို လစ်လျူရှုလို့ မရတော့တဲ့အကြောင်း ဒါကြောင့် နိုင်ငံ တကာ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ပြောပါတယ်။
ဗြိတိန်နိုင်ငံကတော့ အခုအချိန်အထိ ISIS အဖွဲ့ကို ဝေဟင်ကနေ တိုက်ခိုက်မယ်လို့ ကတိပေးတဲ့ နိုင်ငံထဲ မပါဝင်သေးပေမယ့် မကြာခင်မှာ ပါဝင်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။
David Haines ကို လည်လှီး သတ်ဖြတ်ခဲ့သူတွေကတော့ အသက် ၄၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသား နောက် တစ်ဦးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အကြောင်းလည်း အေဘီစီ သတင်းထောက် Phillip Williams က လန်ဒန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ABC
No comments:
Post a Comment