Tuesday, September 16, 2014

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအနီးမှ ချိန်ကိုက်မိုင်း အချိန်မီ ရှင်းလင်းနိုင်


မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအနီးတွင် ထောင်ထားသည့်ချိန်ကိုက်မိုင်း တစ်လုံးကို နယ်မြေခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ ကြောင်း သတင်းရရှိသည်။စက်တင်ဘာ ၁၅ ရက်နံနက် ၆ နာရီ ကျော်အချိန်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအနီး ချဉ်းကပ်လမ်းညာဘက် ပလက် ဖောင်းဘေး၌ သန့်ရှင်းရေးဝန်ထမ်းများက ယင်းမိုင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ချိန်ကိုက်မိုင်းကို နယ်မြေခံစစ်တပ်ရင်း ခမရ(၂၇၅)နှင့် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြောင်း မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ပြောသည်။

‘‘ရဲတပ်ဖွဲ့က စစ်ဆေးနေတုန်းပါ။

ဘယ်သူတွေထောင် သွားတယ်ဆိုတာကို စည်ပင်ဝန်ထမ်းတွေတွေ့တွေ့ချင်းပဲ မိုင်းကျွမ်းကျင်သူတွေ သွားပြီးရှင်းပေးခဲ့တာပါ’’ဟု ၎င်းကပြောသည်။

ယင်းသတင်းနှင့် ပတ်သက်၍ မြဝတီခရိုင်ရဲတပ်ဖွဲ့သို့ မေးမြန်းရာ ၎င်းတို့မသိရှိကြောင်း တာဝန်ကျရဲအရာရှိ တစ်ဦးကပြောသည်။

အဆိုပါမိုင်းမှာ အဝေးထိန်း စနစ်မပါဘဲ မိုင်းတွင် တပ်ဆင်ထားသည့်နာရီလက်တံကို နံနက် ၁၀ နာရီ ၅၅ မိနစ်သို့ ချိန်ထား သောကြောင့် လူစည်ကားသည့် အချိန်တွင် ပေါက်ကွဲစေရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင် ကြောင်း မြဝတီမြို့ခံ ဦးလှဝင်းက ပြောကြားသည်။

‘‘ဒီမြို့မှာက လက်နက်ကိုင် တပ်ဖွဲ့တွေရော၊ ရဲတွေရော၊ စစ် တပ်ရော၊ ထိုင်းနဲ့မြန်မာ ကူးချည် သန်းချည် လုပ်နေတဲ့ကြေးစားလူ မိုက်တွေရော ရှုပ်နေတာပဲ။ ဒီအ မှုလည်း ဘယ်သူလုပ်တယ်ဆိုတာ ပေါ်မှာ မဟုတ်ဘူး။ ပေါက်ကွဲရင် သာ ဒေသခံတွေအသားလွတ်ခံရ မှာ’’ဟု ဦးလှဝင်းကပြောသည်။

အဆိုပါမိုင်းမှာ မပေါက်ကွဲ မီ ရှင်းလင်းနိုင်ခဲ့သောကြောင့် အမှုဖွင့်ထားခြင်းမရှိဘဲ မိုင်းထောင်သူကို စုံစမ်း နေကြောင်း မြဝတီ မြို့မ ရဲစခန်းမှူးက ပြောကြားသည်။


7Day Daily

No comments:

Post a Comment

My Blog List