Tuesday, September 16, 2014

ခိုလှုံခွင့်တောင်းလိုသူ ၅၀၀ လောက် ပင်လယ်ပြင်မှာ သေဆုံးရနိုင်


အာဖရိကနဲ့ ​အရှေ့အလယ်ပိုင်းကနေ ​သင်္ဘောနဲ့ ​ဥရောပတိုက်ထဲ ​လာရောက်နိုင်ဖို့ ​ကြိုးစားတဲ့ ​ခိုလှုံခွင့် တောင်းလိုသူ ​အယောက်ပေါင်း ​၅၀၀ ​လောက် ​မြေထဲပင်လယ်ဒေသက ​ပင်လယ်ပြင်မှာ ​သေဆုံးရနိုင်တယ် ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

အီတလီနိုင်ငံနားက ​Malta ​ကျွန်းကို ​သွားနေတုန်း ​တမင်သက်သက် ​သင်္ဘောနစ်မြုပ်ခံ​ခဲ့ရတာ ​ဖြစ်တယ်လို့ ​ပြောဆို ​နေကြ ​ပေမယ့် ​ဒေသခံအာဏာ​ပိုင်တွေကတော့ ​ဘာမှတရားဝင် ​ပြောဆိုခြင်း ​မရှိ ​သေးပါဘူး။

ဒါပေမဲ့ ​ဒီကိစ္စကိုတော့ ​စတင် ​စုံစမ်းနေပြီ ​ဖြစ်ပါတယ်။

အသက်ရှင် ​ကျန်ရစ်သူ ​ပါလစ္စတိုင်းသား ​နှစ်ဦးရဲ့ ​ပြောပြချက်အရ ​လူကုန်ကူးသူတွေနဲ့ ​ခိုလှုံခွင့်တောင်း လိုသူတွေအကြား ​အငြင်းပွားကြရာကနေ ​လူကုန်ကူးသူတွေက ​သူတို့ရဲ့ ​သင်္ဘောကို ​နစ်မြုပ်လိုက်တာလို့ ​ပြောပြတဲ့ အကြောင်း ​နိုင်ငံတကာရွှေ့ပြောင်းမှုဆိုင်ရာ ​အကြီးကဲက ​ပြောပါတယ်။

တခြား ​လူ ​၉ ​ဦးကိုလည်း  ​ဂရိနိုင်ငံနဲ့ ​Maltese ​နိုင်ငံက ​သင်္ဘောသားတွေ ​ကယ်ဆယ်ထားပေမယ့် ​တခြား ​အသက်ရှင် ​ကျန်ရစ်သူ ​စာရင်းတော့ ​မသိရသေးပါဘူး။

နစ်မြုပ်ခံရတဲ့ ​သင်္ဘောပေါ်မှာ ​ဆီးရီးယား၊ ​ပါလစ္စတိုင်း၊ ​အီဂျစ်နဲ့ ​ဆူဒန် ​နိုင်ငံက ​ခိုလှုံခွင့်တောင်းလိုသူ ​အယောက်ပေါင်း ​၅၀၀ ​လောက် ​ပါဝင်နိုင်တယ်လို့ ​ဆိုပါတယ်။

ခိုလှုံခွင့်တောင်းလိုသူ ​အယောက် ​၅၀၀ ​လောက် ​ပါလာတဲ့ ​သင်္ဘောပေါ်က ​လူတွေကို ​လူကုန်ကူးသူတွေက ​တခြား ​သင်္ဘော ​ပိုသေးငယ်တဲ့ ​တစ်စင်းထဲ ​ပြောင်းစီးကြဖို့ ​ပြောဆိုခဲ့တဲ့အကြောင်း၊ ​အဲဒီ ​သင်္ဘောက ​ရေထဲ ​သွားဖို့ ​မသင့်တော်တဲ့ ​အခြေအနေရှိနေတဲ့အတွက် ​ပြောင်းဖို့ ​ငြင်းဆန်ကြတယ်လို့ ​ဆိုပါတယ်။

အဲဒီမှာ ​လူကုန်ကူးသူနဲ့ ​ခိုလှုံခွင့်တောင်းလိုသူတွေအကြား ​အငြင်းပွားမှုဖြစ် ပွားပြီး ​လူကုန်ကူးသူတွေက ​သင်္ဘောကို ​ဝင်တိုက်ခဲ့ရာက ​နစ်မြုပ်သွားတာလို့ ​ပြောပါတယ်။

အီတလီနိုင်ငံ ​ရေတပ်ရဲ့ ​အဆိုအရ ​လွန်ခဲ့တဲ့ ​သတင်းပါတ်ကုန်အတွင်း ​ခိုလှုံခွင့်တောင်းလိုသူ ​စုစုပေါင်း ​၂၃၈၀ ​ယောက်ကို ​ကယ်ဆယ်နိုင်တယ်လို့ ​ပြောဆိုထားပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ ​အာဖရိကတိုက်က ​ခိုလှုံခွင့်တောင်းလိုသူ ​သောင်းနဲ့ချီဟာ ​ဥရောပတိုက်ကို ​ဝင်ရောက်ရာကနေ ​ပင်လယ်ပြင်မှာ ​ဒုက္ခရောက်ပြီး ​နှစ်စဉ်နှစ်တိုင်း ​ရာနဲ့ ​ချီ ​သေဆုံးနေရပါတယ်။

ပြီးခဲ့တဲ့ ​အောက်တိုဘာလတုန်းကလည်း ​သင်္ဘော ​တစ်စင်း ​ပျက်စီးခဲ့ရာက ​လူပေါင်း ​၄၀၀ ​သေဆုံးခဲ့ရ ဖူးပါတယ်။

ABC

No comments:

Post a Comment

My Blog List