Tuesday, September 16, 2014

အမျိုးသားပညာရေးဥပဒေကြမ်းကို တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြမှု ဆရာ၊ ဆရာမများအဖွဲ့ချုပ် ထောက်ခံ


နိုင်ငံတော် သမ္မတက သဘောထားမှတ်ချက်ပြု၍ လွှတ် တော်တွင် ပြန်လည် ဆွေးနွေးနေ သော အမျိုးသား ပညာရေးဥပဒေ ကြမ်းအပေါ် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြကန့်ကွက်နေမှုကို အပြည့်အ၀ ထောက် ခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကြေညာ ချက်ထုတ်ပြန်သည်။

အသွင်သဏ္ဌာန် အမျိုးမျိုး ဖြင့် ဆန္ဒထုတ်ဖော်မှုများပြုလုပ် နေသော တက္ကသိုလ် ကျောင်းသားသမဂ္ဂများ၏ ရည်ရွယ်ချက်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်များ၊ မူဝါဒများ တူညီကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များ အဖွဲ့ချုပ်က ဆိုသည်။

လက်ရှိအမျိုးသားပညာရေး ဥပဒေကြမ်း အတည်ပြုခဲ့ပါက ကျောင်းသားသမဂ္ဂများက ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်မှုများကို အရှိန်မြှင့် ဆောင်ရွက်ရန် ဆုံးဖြတ် ထားမှုကို ကြားသိရပြီး မြန်မ မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အနေဖြင့် အပြည့် အ၀ထောက်ခံကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထား သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သည် အထက်ပါဥပဒေကြမ်းကို ပညာ ရေးလွတ်လပ်မှု မရှိခြင်း၊ အုပ်ချုပ် ရေးမဏ္ဍိုင်မှ လွှမ်းမိုးချုပ်ကိုင် ခြင်း၊ ဒီမိုကရေစီကျင့်စဉ်များနှင့် ညီညွတ်မှုမရှိခြင်းတို့ကြောင့် နိုင်ငံ နှင့် ပြည်သူကို အကျိုးပြုနိုင်မည့် ဥပဒေတစ်ရပ်ဟု မယုံကြည်ကြောင်းကန့်ကွက်ထားပြီး ဖြစ်သည်။

တိုင်းပြည်ကို အမှန်တကယ် အကျိုးပြုနိုင်မည့် စစ်မှန်သော ပညာရေးဥပဒေ တစ်ရပ်ပေါ်ထွန်း လာရေး ကြိုးပမ်းနေသော တက္ကသိုလ်ကျောင်းသားသမဂ္ဂများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် က အပြည့် အ၀၀န်းရံ၍ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ဖော်ပြထား သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သည် တက္က သိုလ်ဆရာ၊ ဆရာမများအသင်းများကို အခြေခံ၍ ဖွဲ့စည်းထား သောအသင်းအဖွဲ့ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာပညာရေးပြုပြင်ပြောင်းလဲ ရေးကွန်ရက်နှင့် ချိတ်ဆက်ထားသည်။

အမျိုးသားပညာရေးဥပဒေ မူကြမ်းအပေါ် ကျောင်းသားသမဂ္ဂများ ဆန္ဒပြနေမှုနှင့် ပတ်သက်၍ ဖျောင်းဖျပေး ရန် ပညာရေးဝန်ကြီးက တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း တာဝန်ရှိသူများနှင့် တွေ့ ဆုံပြောကြားခဲ့ ပြီးနောက် အထက်ပါကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။


7Day Daily

No comments:

Post a Comment

My Blog List