Wednesday, September 17, 2014

ဘင်္ဂါလီများကို လူကုန်ကူးမှုကြောင့် အမ်းဂိတ်တွင် ဖမ်းဆီးခံခဲ့ရသူများအမှုမှ လိုပြသက်သေများ စတင်စစ်ဆေး



ဘင်္ဂါလီများကို လူကုန်ကူးမှုကြောင့် ဇွန် ၂၇ ရက်က အမ်းဂိတ်တွင်ဖမ်းဆီးခံခဲ့ရ သည့် အငြိမ်းစားရဲမှူးကြီး၏ သမီး မမွန်မွန် ချိုနှင့် အစ်မဖြစ်သူ မခိုင်ခိုင်မြင့် တို့၏ လူကုန်ကူးဂိုဏ်းအဖွဲ့အား သက်ဆိုင်ရာမှ တရားစွဲတင်ပို့ခဲ့ရာ လိုပြသက်သေ များကို စက်တင်ဘာ ၁၂ရက်က အမ်းမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်းသိရသည်။
''တရားလိုပြသက်သေတွေကို စစ်ဆေးတာဖြစ်ပါတယ်။ စစ်ဆေး တာကတော့ ကျွန်တော်ရယ်၊ ဒုရဲအုပ် တစ်ယောက်ရယ်၊ ရဲအုပ်တစ်ယောက် ရယ်၊ စုစုပေါင်း သုံးဦးကိုစစ်ဆေးပါ တယ်။ ထွက်ဆိုတာကတော့ဘင်္ဂါလီ သယ်ဆောင်လာတဲ့ကား ဒရိုင်ဘာ ကို စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတဲ့ အခါမှာ သူမောင်းလာတဲ့ကားဟာ ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ကားလို့ ပြောခဲ့တယ်ဆိုတာကို ထွက်ဆိုခဲ့ပါတယ်''ဟု အမ်းမြို့ ပဲပဒုံစုပေါင်းစစ် ဆေးရေးဂိတ်မှလက်ထောက်လဝက မှူး ဦးနေမင်းစိုး က ပြောကြားသည်။

လိုပြသက်သေများကို စစ်ဆေးပြီး စက်တင်ဘာ၂၂ရက်နှင့်၂၃ရက် တို့တွင် ဆက်လက်စစ်ဆေးရန် ရုံး ချိန်းဆိုထားကြောင်း သိရသည်။

ဇွန် ၂၇ ရက် နံနက် ၅နာရီခန့်က ရခိုင် ပြည်နယ်၊ အမ်းမြို့ ပဲပဒုံစစ်ဆေးရေး ဂိတ်တွင် ယာဉ်မောင်း မျိုးထက်စိုး မောင်းနှင် လာသောကားတွင် မမွန် မွန်ချိုနှင့်အတူ ဘင်္ဂါလီကိုးဦးကို ဖမ်းဆီးရမိခဲ့ပြီး တစ်ဆက်တည်း တစ်နေ့တည်းတွင် ၄င်းအဖွဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်သူ မမွန်မွန်ချို၏အစ်မ မခိုင်ခိုင်မြင့်အား မကွေး တိုင်းအဝင် ကြက်ရေစမ်းဂိတ်တွင် ကားကိုထားပြီး ဆိုင်ကယ်ဖြင့်ထွက် ပြေးစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

ယင်းအပြင် နောက်ထပ်လူကုန်ကူးသူများ ဖြစ်သည့် ရဲမှူးကြီး..(ငြိမ်း) ၏ သား အောင်ကျော်ကျော်(ခ)အောင်သူရမျိုးအား ကရင်ပြည်နယ် ဖာပွန်ရဲစခန်းတွင် ဇူလိုင်၁၇ရက်က လည်းကောင်း၊ ဘင်္ဂါလီစုဆောင်း သူ ကျောက်တော်မြို့နယ် ပိုက်သည် ကျေးရွာမှ ပွဲစားဘင်္ဂါလီ မောင်စိန် (ခ)ဟူဆင်နာမောင်းအား ဇူလိုင်၂၁ ရက်ကလည်းကောင်း၊ သက်ဆိုင်ရာမှ ဖမ်းဆီးရမိ ခဲ့သည်။

ဘင်္ဂါလီများမှာ ကျောက်တော် မြို့နယ်ထဲမှဖြစ်ပြီး လူကုန်ကူးဂိုဏ်း တစ်ခုမှ ချိတ်ဆက်ကာ ရန်ကုန်အ ရောက် ဘင်္ဂါလီတစ်ဦး လျှင် ကျပ်သုံးသိန်းဖြင့် အကြွေးသယ်လာခြင်း ဖြစ်သည်။ 

အဓိကပါဝင်ဆက်နွှယ်သူ မခိုင်ခိုင်မြင့်၏ခင်ပွန်း ဘိုဘိုသိန်းနှင့် ၄င်း၏တပည့်မင်းဇော်တို့မှာ လွတ် မြောက်နေဆဲဖြစ်သည်။

NT
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List