Thursday, September 18, 2014

ဗြိတိန်နဲ့ မခွဲလိုသူတွေ ပိုများကြောင့် ကြိုတင်စစ်တမ်းမှာပြသ


စကော့တလန်နိုင်ငံက ​ဗြိတိန်နိုင်ငံကနေ ​ခွဲထွက်သင့်သလား ​မသင့်ဘူးလားဆိုတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​ဒီကနေ့မှာ ​လူထုဆန္ဒခံယူပွဲ ​ကျင်းပမှာ ​ဖြစ်တဲ့အတွက် ​နိုင်ငံရေးသမားတွေက ​အစွမ်းကုန် ​မဲဆွယ်စည်းရုံး မှုတွေ ​လုပ်ခဲ့ကြပါတယ်။

အခုလောလောဆယ် ​ကြိုတင်စစ်တမ်းမှာ ​ပြသချက်အရ ​ဗြိတိန်နိုင်ငံကနေ ​မခွဲထွက်လိုသူတွေ ​အနည်းငယ် ​ပိုများနေကြောင်း ​ပြသထားပါတယ်။

စကော့တလန်နိုင်ငံက ​ဗြိတိန်နိုင်ငံကနေ ​ခွဲထွက်သွားမှာကို ​စိုးရိမ်တဲ့ ​ဗြိတိန် ​ဝန်ကြီးချုပ်ဟောင်း ​Gordon ​Brown ​ကတော့ ​စကော့တလန်နိုင်ငံကို ​မျိုးချစ်ပုဂ္ဂိုလ်တွေ ​မပိုင်ဆိုင်ဘူးလို့ ​ပြောပါတယ်။

စကော့တလန်နိုင်ငံ၊ ​စကော့တလန် ​အလံ၊ ​ရိုးရာဓလေ့နဲ့ ​စကော့တလန် ​လမ်းတွေကို ​ဒီမျိုးချစ် ​ပုဂ္ဂိုလ်တွေ ​မပိုင်တဲ့အကြောင်း ​စကော့တလန်နိုင်ငံဟာ ​လူတိုင်းရဲ့ ​နိုင်ငံ၊ ​လူတိုင်းရဲ့ ​အလံ၊ ​လူတိုင်းရဲ့ ​ရိုးရာဓလေ့နဲ့ ​လူတိုင်းရဲ့ ​လမ်းတွေ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ခွဲထွက်ရေးကို ​လိုလားနေတဲ့ ​စကော့တလန်အမျိုးသား ​ပါတီခေါင်းဆောင် ​Alex ​Salmond ​ကတော့ ​မဲပေးမယ့် ​ပြည်သူတွေကို ​အိတ်ဖွင့်ပေးစာ ​ပေးပို့ခဲ့ပြီး ​ခွဲထွက်ရေးအတွက် ​Yes ​လို့ ​မဲပေးကြဖို့ ​တိုက်တွန်း ထားပြီး ​ဒါဟာ ​စကော့တလန် ​ပြည်သူတွေအနေနဲ့ ​ကိုယ်ရဲ့ ​စွမ်းရည်ကို ​ပြသနိုင်ဖို့ ​အကောင်းဆုံးအချိန် ​ဖြစ်တယ်လို့ ​ပြောဆိုထားကြောင်း ​အေဘီစီ ​သတင်းထောက် ​Barbara ​Miller ​က ​Edinburgh ​မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List