Tuesday, September 16, 2014

ရုရှားရဲ့ စီးပွားရေးပိတ်ဆို့မှုကို ခရမ်းချဉ်သီးနဲ့ အချင်းချင်းတိုက်ခိုက် ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ Dutch လူငယ်များ

  
အမှည့်လွန်တဲ့ ခရမ်းချဉ်သီးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ညာတာမှု ကင်းမဲ့စွာ ပစ်ပေါက်ခဲ့ကြတဲ့ အခါမှာ ရာနဲ့ချီ Dutch လူငယ်တွေက Amsterdam ရဲ့ central Dam ရင်ပြင်ကို တနင်္ဂနွေနေ့မှာ အနီရောင် နှင်းမုန်းတိုင်း အဖြစ်သို့ ပြောင်းလဲပစ်ခဲ့ကြတယ်။

သဘောက ဥရောပရဲ့လတ်ဆတ်တဲ့ အသီးအနှံထုတ်ကုန် တင်သွင်းမှု ပိတ်ဆို့တဲ့ ရရှား Sanctions စီးပွားရေးပိတ်ဆို့မှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဒီအဖြစ်အပျက်ကို လုပ်ဆောင်ခဲ့တာဖြစ်တယ်။ လက်တွေ့မှာတော့ ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်သူ အများစုမှာတော့ သူတို့ချစ်ရတဲ့သူ တစ်ယောက်ယောက် (သို့) သူစိမ်းတစ်ယောက်ယောက်ကို ပျော့အိအိ ခရမ်းချဉ်သီးတွေနဲ့ အနီးကပ် ပစ်ရိုက်တဲ့ ပျော်ရွှင်မှုကို ခံစားရရှိဖို့အတွက် လုပ်ဆောင်ကြတာပါပဲ။

အဲဒီအကြံအစည်ကို စပိန်နိုင်ငံရဲ့ ကျော်ကြားတဲ့ နှစ်စဉ်ကျင်းပနေကျ La Tomatina ပွဲတော်မှ ဆင်းသက် လာတာဖြစ်တယ်။  

အဲ့နေရာမှာ နေရတာမလွယ်ဘူး။ အရမ်းညစ်ပစ်တယ်။ ဒါပေမဲ့လို့ ပျော်ဖို့တော့ကောင်းတယ်လို့ ညီမလေး Sil နဲ့အတူ ဒီပွဲကိုလာရောက်ခဲ့တဲ့ Lois Bloedjes က ပြောဆိုခဲ့တယ်။ အားလုံးက ညစ်ပတ်ပေရေနေကြ တယ်။ ကြမ်းပြင်ပေါ် လူးလိမ့်နေတဲ့သူတွေလည်း ရှိသေးတယ်။

Sil က အဲဒီအနံ့အသက်က ဆိုးဆိုးဝါးဝါးနံဟောင်နေပြီး ဘီယာအနံ့လို အနံ့မျိုးပါ။ ဒါပေမဲ့ သူမပါးစပ်ထဲဝင် သွားတဲ့ ခရမ်းချဉ်သီးတွေရဲ့ အရသာကတော့ မဆိုးပါဘူးလို့ ပြောဆိုဖော်ပြသွားခဲ့ပါတယ်။

တစ်နာရီ ဆော့ကစားဖို့ လက်မှတ်တစ်စောင်ကို 15 euros ($18) ကျပြီး လက်မှတ်အစောင် ၁၀၀၀ ဝန်းကျင်လောက် ရောင်းရတယ်။

အကျိုးအမြတ်ရရှိငွေဟာ အဲဒီ (Sanctions) စီးပွားရေးပိတ်ဆို့မှုတွေကြောင့် နစ်နာမှုရရှိတဲ့ ခရမ်းချဉ်သီး စိုက်ပျိုးသူတွေဆီ ရောက်သွားမှာပါလို့ အစီအစဉ်ဦးဆောင်သူ Joep Verbunt က ပြောဆိုခဲ့တယ်။

နယ်သာလန်နိုင်ငံဟာ မက်ဆီကိုနိုင်ငံနဲ့ အတူ ကမ္ဘာ့အကြီးမားဆုံး ခရမ်းချဉ်သီး တင်ပို့တဲ့နိုင်ငံအဖြစ် အပြိုင်အဆိုင်ဆောင်ရွက်နေကြသူတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် နိုင်ငံခြားကို $100 million ဖိုး တင်ပို့ခဲ့ပါတယ်။ Dutch လယ်သမားတွေကို အသီးအနှံတွေ ပိုမိုစိုက်ပျိုးဖို့ ထောက်ပံ့ငွေပေးအပ် ခဲ့ပါတယ်။

Verbunt က အဲဒီပွဲအတွက် လူတွေစားသုံးဖို့ မသင့်တော်တော့တဲ့ ခရမ်းချဉ်သီး ၁၂၀,၀၀၀ ဝယ်ယူခဲ့ပါ တယ်။

စင်မြင့်တစ်နေရာကနေ ထွက်လာတဲ့ ဂီတသီချင်းသံနဲ့အတူ ကစားမှုမစတင်မီ အကျီဖြူရောင်ဝတ်ဆင်နေကြ တဲ့ ပွဲသို့လာရောက်သူအားလုံးက ၁၀ - ၀ ထိ countdown ရေတွက်ခဲ့ကြပါတယ်။ အဲဒီနောက် ခရမ်းချဉ် သီး အပြည့်နဲ့ ကွန်တိန်နား တစ်စီးလုံး ဝန်းထဲမှာတင် ပြောင်သွားတော့တာပါပဲ။

ထွက်ပြေးတိမ်းရှောင်နေသူတွေ ထိခိုက်မှုမရှိအောင် ကာကွယ်ဖို့ အဲဒီနေရာကို ခြံစည်းရိုးခတ်ထားပေမဲ့ အများစုကတော့ အထဲက အခြေအနေကိုကြည့်ရှုဖို့ ခြံစည်းရိုးကို ကျော်တက်ပြီး ဝင်ရောက်ခဲ့ကြပါတယ်။

ကျန်ရှိတဲ့ ခရမ်းချဉ်သီး အစအနတွေကို Biogas ထုတ်လုပ်တဲ့စက်ရုံကို ပို့ မှာဖြစ်တယ်။

Source: yahoo
Trend Myanmar

No comments:

Post a Comment

My Blog List