Tuesday, September 16, 2014

ကမ္ဘာ့ဘဏ်ဆိုင်ရာ မြန်မာကိုယ်စားလှယ် ပြောင်းလဲခန့်အပ်


ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အဖြစ် မစ္စတာအဗ္ဗဒူ လာရေဆက် ပြောင်းလဲ တာဝန်ထမ်း ဆောင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ယခင်ကမ္ဘာ့ ဘဏ်၏ ဌာနေ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်လျက် ရှိသော မစ္စတာရှန်ကာ ထံမှ အဆိုပါ တာဝန်ကိုလွှဲပြောင်းယူခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူတစ် ဦးက ''မစ္စတာဆက်က ဒီတာဝန်မ တိုင်မီက အရှေ့ဥရောပမှာရှိတဲ့ မော် ဒိုဗာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် တာဝန်ကိုထမ်းဆောင်ခဲ့ပြီး မော်ဒိုဗာ နိုင်ငံဆိုင်ရာကမ္ဘာ့အုပ်စု၏ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်ရေးဆွဲတာ အကောင်အထည်ဖော်တာတွေမှာ ဦးဆောင်ခဲ့သူဖြစ်တယ်''ဟု ပြောသည်။ 

ယင်းအပြင်မစ္စတာအ ဗ္ဗဒူလာ ရေဆက်သည် ၂ဝဝ၉ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် JICA အဖွဲ့အစည်း၏ Credit Risk Analysis Department တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းမတိုင်မီ ကမ္ဘာ့ဘဏ်တွင် အဆင့်မြင့်စီးပွားရေး ပညာရှင်တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ယင်းက ''စီးပွားရေးဆိုင်ရာ မူဝါဒတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတွေ ဖွံ့ဖြိုးရေးမူဝါဒ ဆိုင်ရာ ချေးငွေတွေနဲ့ ကူညီမှုထိ ရောက်ရေးဆိုင်ရာ ပါရီကြေညာ ချက်တွေမှာ အကောင်အထည်ဖော် တဲ့အခါ ဦးဆောင်ခဲ့သူပါ။ သူက ဆီနီဂေါနိုင်ငံမှာ ဘဏ္ဍာရေးဝန်ကြီး ဌာနရဲ့ စီးပွားရေးပညာရှင်တစ်ဦး အဖြစ် တာဝန်လဲ ထမ်းဆောင် ခဲ့ပါတယ်''ဟု ပြောသည်။

မစ္စတာအဗ္ဗဒူလာရေဆက်သည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ကို ပြင်သစ်နိုင်ငံ ပါရီ မြို့ရှိ Graduate School of Economics, Statistics and Finance မှရရှိထားကြောင်း သိရသည်။

TEEP
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List