Tuesday, September 16, 2014

ရခိုင် ခေါင်းဆောင်တွေ လုပ်ကြံခံရမှု တရားခံ ဖမ်းမိပြီလား


မလေးရှားမှာ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတာ ရှစ်လကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ရခိုင်အမျိုးသားပါတီက ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအေးသားအောင်နဲ့ ဒေါက်တာ အေးမောင်တို့ ဦးဆောင်တဲ့အဖွဲ့ လုပ်ကြံခံရမှု အမှုမှန် ပေါ်ပေါက်ရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဆီသို့ အရေးဆိုစာ ပေးပို့မယ်လို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါ တယ်။

ဒီကိစ္စကို ဖော်ထုတ်နိုင်ဖို့အတွက် လွှတ်တော်အခွင့်အရေး ကော်မတီက ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ အလုပ် သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဋ္ဌာနတွေနဲ့ တွေ့ဆုံပြီး ဖြစ်စဉ် အသေးစိတ်နဲ့ သတင်းအချက် အလက်တွေကို ယူပြီး စာကြမ်းရေးမယ်လို့ သူက ဆိုပါတယ်။

“အဲဒီကိစ္စကို လွှတ်တော်အခွင့်အရေး ကော်မတီက မြန်မြန်လေး လုပ်ပေးပါ။ စာကြမ်းရေးပြီးနောက် လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံကို ပေးပို့ အရေးဆိုပါမယ်”ဦးခင်အောင်မြင့်က ပြောပါ တယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မလေးရှားမှာ မြန်မာတွေ အကြမ်းဖက် သတ်ဖြတ်မှုတွေကို တားဆီးဖို့ ဘယ်လိုလုပ်နေလဲ မေးခွန်းနဲ့ ပတ်သက်လို့ သူက ပြန်လည် ပြောဆိုခဲ့ တာပါ။

လုပ်ကြံခံရမှုကို မလေးရှားနိုင်ငံဆိုင်ရာ အပြည်အပြည်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ဆက်သွယ် ညှိနှိုင်း ဆောင် ရွက်နေပေမယ့် အမှုမှန် မပေါ်သေးဘူးလို့ ပြည်ထဲရေး ဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖြေကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံရောက် ရခိုင်လူထုနဲ့ တွေ့ဆုံဖို့ သွားခဲ့တဲ့ ဒေါက်တာ အေးမောင်၊ဦးအေးသာအောင်တို့အဖွဲ့ ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီခန့်မှာ ကွာလာလမ်ပူ မြို့တော်ရှိ Low Yat ပလာဇာမှာ ညနေစာ စားပြီးအပြန်မှာ သူတို့ စီးလာတဲ့ မော်တော်ယာဉ်နဲ့ ဘေးချင်းကပ် လိုက်လာတဲ့ ဆိုင်ကယ်ပေါ်က ဗမာ စကားပြော သေနတ်သမားက လုပ်ကြံခဲ့တာပါ။


The Voice Weekly

No comments:

Post a Comment

My Blog List