Thursday, September 18, 2014

G-20 ငွေကြေးဆိုင်ရာ ညီလာခံ ဒီကနေ့စပြီ


သြစတြေးလျနိုင်ငံမြောက်ပိုင်း ​ကွင်းစလန်းပြည်နယ်မှာ ​ဒီကနေ့ကစပြီး ​စက်မှုထိပ်သီးနိုင်ငံများ ​G-20 ​ရဲ့ ​ငွေကြေးဆိုင်ရာ ညီလာခံကြီး ​စတင်နေပြီ ​ဖြစ်ပါတယ်။ G-20 ​ညီလာခံကို ​တက်ရောက်ကြမယ့် ​နိုင်ငံ တကာက ​ကိုယ်စားလှယ်တွေ၊ ​သူတို့ကို ​ကူညီမယ့်သူတွေအပါအဝင် ​မီဒီယာသမား ​စုစုပေါင်း ​အယောက် ​တစ် ​ထောင် ​လောက် ​ရောက်ရှိလာမှာ ​ဖြစ်တဲ့အတွက် ​Cairns ​မြို့မှာ ​လုံခြုံရေးတွေ ​တင်းကြပ်ထားပါ တယ်။

နိုဝင်ဘာလကျရင် ​Brisbane ​မြို့မှာ ​ကျင်းပမယ့် ​G-20 ​အစည်းအဝေးကြီး ​မကျင်းပခင် ​ဒီအစည်းအဝေးက ​ဒုတိယနောက်ဆုံး ​အစည်းအဝေးပဲ ​ဖြစ်ပါတယ်။

အဝေးကနေ ​လာရောက်တဲ့ ​မီဒီယာသမားတွေကတော့ ​ဒီကနေ့မှာ ​Great ​Barrier ​Reef ​သန္တာကျောက် တန်းမှာ ​သွားရောက်လေ့လာခွင့်ရမှာ ​ဖြစ်ပါတယ်။

ဒီအစည်းအဝေးဟာ ​ကမ္ဘာ့စီးပွားရေးကို ​၈၅% ​ကိုယ်စားပြုတဲ့ ​နိုင်ငံတွေ၊ ​ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ​၇၅% ​ကို ​ကိုယ်စားပြုတဲ့ ​ကိုယ်စားလှယ်တွေရဲ့ ​တွေ့ဆုံပွဲ ​ဖြစ်တဲ့အတွက် ​အင်မတန် ​အရေးကြီးတယ်လို့ ​သြစတြေးလျ
နိုင်ငံ ​ငွေကြေးရေးရာ ​ဝန်ကြီး ​ဂျိုးဟော်ကီက  ​ပြောပါတယ်။

အခွန်ရှောင်လွဲလိုတဲ့ ​နိုင်ငံတကာ ​ကုမ္ပဏီတွေကို ​လိုက်လံဖမ်းဆီးမယ့် ​စနစ်မျိုးကို ​ချမှတ်နိုင်ဖို့ ​ဆွေးနွေးဖို့ ရှိပြီး ​ဒီကနေ့ ​မွန်းလွဲပိုင်းမှာတော့ ​ငွေရေးကြေးရေးနဲ့ ​ဗဟိုဘဏ် ​ကိုယ်စားလှယ်တွေ ​အရင်ဆုံး ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ​အားလုံးသဘောတူနိုင်မယ့် ​အကြောင်းအရာတွေကို ​ရေးဆွဲကြမှာဖြစ်ပြီး ​သတင်းပတ် ကုန်မှာတော့ ​ဒီအကြောင်းကို ​အခြေအတင် ​ဆွေးနွေးကြဖို့ ​ရှိတယ်လို့ ​အေဘီစီ ​သတင်းထောက် ​Kirsty ​Nancarrow ​က ​သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List