Thursday, September 18, 2014

ဥပဒေပြဋ္ဌာန်းပြီးပါက မသန်စွမ်းသူများ လွှတ်တော်အမတ်အဖြစ် ပါဝင်နိုင်မည်ဟုဆို


မသန်စွမ်းသူများဆိုင်ရာ ဥပ ဒေကိုရေးဆွဲပြီးဖြစ်ရာ ယင်းဥပဒေ ပြဋ္ဌာန်းပြီးချိန်တွင် လွှတ်တော်အတွင်းသို့ မသန်စွမ်းသူများလွှတ်တော်ကိုယ် စားလှယ်အဖြစ်ပါဝင်နိုင်မည်ဟု စက်တင်ဘာ ၁၃ ရက်တွင် ရွှေမင်း သားဖောင် ဒေးရှင်း(မြန်မာ)မှနာယက မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားမှ ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး မျိုးမြင့်က ပြောသည်။

''မသန်စွမ်းသူများဆိုင်ရာဥပ ဒေကို အခုရေးဆွဲပြီးပါပြီ။ ဥပဒေပြ ဋ္ဌာန်းပြီးချိန်မှာလဲ မသန်စွမ်းသူများ လွှတ်တော်အတွင်းမှာပါဝင်ဖို့ လုပ် နေပါတယ်။ အခုလဲမသန်စွမ်းသူတွေ စွမ်းရည်မြင့်မားနိုင်ဖို့နဲ့ ပညာ သင်ကြား နိုင်ဖို့အတွက် အခွင့်အလမ်းတွေရ အောင် ဖန်တီးမှုတွေပြုလုပ်နေပါတယ်''ဟု ၄င်းကပြောသည်။

မသန်စွမ်းသူများလွှတ်တော် ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရန် အတွက် လွှတ်တော်အပေါ်တိုက်တွန်း သင့်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ''အန်တီကတော့ လွှတ် တော်ထဲမှာ မသန်စွမ်းသူတွေက နိုင်ငံ ရဲ့လူဦးရေဘယ်လောက်ရှိလဲ။ ဥပမာ လူဦးရေတစ်သန်း လောက်ရှိတယ်ဆိုရင် အဲဒီပေါ်မှာအချိုးကျအလိုက် ပါဝင်သင့်တယ်လို့ထင်တယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အဲဒီလို မပြောထားဘူး။ ဒါကြောင့်မို့ ရွေး ကောက်ပွဲဆိုင်ရာဥပဒေတွေကို ပြန်ပြင် ရမှာပေါ့။ ရွေးကောက်ပွဲဆိုင်ရာဥပဒေ တွေကို အချိန်မီပြင်ပေးနိုင်မှ သူတို့ပါ ဝင်ခွင့်ရှိမှာပေါ့။ မဟုတ်လို့ရှိရင် ၂ဝ၁၅ မှာ သူတို့ပါဝင်ခွင့် လွယ်လွယ်ကူကူ တော့ရှိမှာမဟုတ်ဘူး။ 

ဒါကြောင့် မသန်စွမ်းတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်တဲ့အခါမှာသော်လည်းကောင်း၊ ရွေးကောက်ပွဲ ဥပဒေတွေကိုပြင်ဖို့သော် လည်းကောင်း လွှတ်တော်တွေကို တိုက်တွန်းအားပေးရမယ်။ ဒါမှသာ လျှင် ရွေးကောက်ပွဲဥပဒေတွေအရ၊ ပြင်ဆင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သူတို့လွှတ်တော်မှာ ပါဝင်ဖို့ဆို တာဖြစ်နိုင်တယ်။ အခုတိုင်းကတော့ မဖြစ်လောက်ဘူး'' ဟု ပြောသည်။

မသန်စွမ်းသူများဆိုင်ရာဥပဒေကို ၂ဝ၁ဝ ပြည့်နှစ်မှစ၍ မသန်စွမ်းဆိုင်ရာအဖွဲ့အစည်းများစုစည်းပြီး ရေးဆွဲ ထားသောဥပဒေဖြစ်ကြောင်း သိရသည်။ 

ယခုအခါ မသန်စွမ်းသူများဆိုင် ရာဥပဒေသည် ယခုအခါတွင် ရှေ့နေ ရုံးသို့ရောက်ရှိနေပြီဖြစ်ပြီး လွှတ်တော် အတွင်းသို့ရောက်ရှိရန်သာလိုတော့ သည်ဟု ရွှေမင်းသားဖောင်ဒေးရှင်း မှ ပြင်ပဆက်သွယ်ရေးမှူးကို ဝဏ္ဏ ကျော်စွာက ပြောသည်။

Yangon Media Group

No comments:

Post a Comment

My Blog List