ကိုရီးယားလူမျိုးပိုင် မာစတာပို့စ် ဖိနပ်စက်ရုံက လုပ်ခလစာမရပဲ နစ်နာနေတဲ့ အလုပ်သမားအယောက် ၇၀၀ အတွက် နစ်နာကြေး ကျပ် သိန်း ၂ ထောင်ကျော်ကို လာမယ့် အောက်တိုဘာ ၉ ရက်နေ့မှာ စက်ရုံနဲ့ ကျန်ရှိပစ္စည်းတွေကို လေလံဆွဲအပြီး ပေးချေသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က လုပ်ခ လစာမရလို့ ဆန္ဒပြ အလုပ်သမားတွေ နဲ့ အလုပ်သမားတွေ ကြား ပိတ်မိနေတဲ့ ညွှန်ချုပ် ဦးဝင်းရှိန်ကို ၀င်ရောက်ကယ် တင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခ ဖြစ်ပွားပြီး နောက် ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာပါ။
ဝန်ကြီးဌာနဘက်ကတော့ အလုပ်ရှင် တောင်ကိုရီးယားနိုင်ငံသား ထွက်ပြေးသွားပြီးနောက် စက်ရုံမှာ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို စိစစ်ကြည့်ရာမှာ ကာလတန်ဖိုး ကျပ် သိန်း ၁၂၀၀ ကနေ ၁၆၀၀ ကြားလောက် ရှိမယ်လို့ ယူဆကြောင်း၊ တကယ်လက်တွေ့ လေလံဆွဲရင် ဒီထက် ပမာဏ ပိုများများရနိုင်ကြောင်း အလုပ် သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
DVB
No comments:
Post a Comment