Friday, September 19, 2014

အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များ၌ပါဝင်ရမည့် လူဦးရေကွာခြားချက်သာရှိ၍ ထိုအချက်ကိုပြုပြင်ရန်လိုအပ်ဟု တောင်အာဖရိကနိုင်ငံမှ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာဟမ်းနက်ပြော


အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲမူ ဘောင်များသည် တစ်ခုနှင့်တစ်ခု ကွဲပြားမှုမရှိဘဲ ပါဝင်ရမည့်လူအရေ အတွက်ကွာခြားမှုသာရှိပြီး ထိုအချက် ကို ပြုပြင်ရန် လိုအပ်ကြောင်း တောင် အာဖရိကနိုင်ငံမှ နိုင်ငံရေးသိပ္ပံပညာ ရှင်ဒေါက်တာ ဟမ်းနက်မှအကြံ ပြု ပြောကြားခဲ့ကြောင်း FDA အဖွဲ့သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA) အဖွဲ့ဝင်ပါတီများ၏နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ပြုစုရေး ဆွေးနွေး ပွဲကို ဒေါက်တာဟမ်းနက် နှင့်အတူ စက်တင်ဘာ ၁၇ ရက်က FDA ရုံးခန်းတွင်ပြုလုပ်ခဲ့သည်။

FDA မှပြောရေးဆိုခွင့်ရှိသူ ချင်း တိုးတက်ရေးပါတီဥက္ကဋ္ဌဦးနိုထန် ကပ်က''ကျွန်တော်တို့အဖွဲ့ဆွဲထား တဲ့ မူဘောင်မူကြမ်းမှာတော်တော် လေး လိုအပ်ချက်ရှိတယ်လို့ဒေါက် တာဟမ်းနက်ကပြောသွားတယ်''ဟု ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲထားသည့် အဖွဲ့အစည်းများ အနေဖြင့် မိမိရည်မှန်းထားသည့်လူ အုပ်စုများနှင့် ဆုံးဖြတ်ချက်ချမှတ်ရာ တွင် အားလုံးပါဝင်နိုင်ရန် လိုအပ် ကြောင်း၊ လူဦးရေနှင့်ခွဲတမ်းချရန်လို အပ်ကြောင်းတို့ကိုလည်း အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။

FDA ၏ ပြောခွင့်ရ နောက် တစ်ဦးဖြစ်သူအမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က''ဆုံးဖြတ်ချက်တွေကို ရာခိုင်နှုန်း နဲ့ဆုံးဖြတ်ရင် အားလုံးသဘောတူ ညီတဲ့၊ ထိရောက်တဲ့သဘောတူညီ ချက်၊ အများသဘောတူညီချက်တွေ ပါဖို့လိုတယ်ဆိုတဲ့အကြောင်းကိုပြော ခဲ့ပါတယ်''ဟု ဒီမိုကရေစီတူဒေး သို့ ပြောသည်။

ဥပမာအားဖြင့် FDA သည် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ပါက (အစိုးရ၊ လွှတ်တော်နှင့်တပ်မတော်) ကိုတစ်စု၊ နိုင်ငံရေးပါတီများကို တစ် စု၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ များကို တစ်စုစသည်ဖြင့်တစ်စုလျှင် တစ်ရာ့ငါးဆယ်နှုန်းဖြင့် လေးရာ့ငါး ဆယ်တက်ရောက်ရန်သတ်မှတ် ထားပြီး ဆုံးဖြတ်ချက်များကိုချမှတ် ရာတွင် ခုနစ်ဆယ့်ငါးရာခိုင်နှုန်းဖြင့် ဆုံးဖြတ်ပါက အထက်ပါအစုမှနှစ်စု ၏ဆုံးဖြတ်ချက်ပါသွားပြီး တစ်စု ကျန်နေမည့် အချက်ကိုထည့်သွင်း စဉ်းစားရန်လိုအပ်ကြောင်းတို့ကို လည်း ဒေါက်တာဟမ်းနက်က ပြော ကြားခဲ့ကြောင်း သိရသည်။

FDA အဖွဲ့အနေဖြင့် နိုင်ငံ ရေးဆွေးနွေးပွဲမူဘောင်နှင့်ပတ်သက် ပြီး အဖွဲ့ဝင်ခုနစ်ဦးပါဝင်သည့် ရေး ဆွဲရေးကော်မတီတစ်ရပ်ကို စက် တင်ဘာ၁၇ ရက်နေ့က ဖွဲ့စည်း လိုက်သည်။ အဆိုပါရေးဆွဲရေးကော် မတီက ယခုလ ၂၂ ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ နိုင်ငံ ရေးဆွေးနွေးပွဲတွင် အများစု ပါဝင်နိုင် သည့်အချိုးအဆ၊ လူဦးရေနှင့် အခြေခံသတ်မှတ်ချက်၊ ဆွေးနွေးမည့် အကြောင်းအရာတို့ကို ဆွေးနွေးသွား ကြမည်ဖြစ်သည်။

ထို့နောက် ပါတီခေါင်းဆောင်များကို ပြန်လည်တင်ပြဆုံးဖြတ်ချက်ရယူကာ အားလုံးတိုင်ပင်ပြီးနိုင်ငံရေး ဆွေးနွေးပွဲမူဘောင်အတွက် ဆုံးဖြတ်သွားကြမည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဦးခင်မောင်ဆွေက''စက်တင် ဘာ ၂၅၊ ၂၆ ရက်မှာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲရှိတယ်ကြားတယ်။ အဲဒီ အခါ တင်ပြရင်တင်ပြလို့ရအောင် အားချင်းရေးဆွဲသွားမှာပေါ့''ဟုပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများပြီး စီးပါက ပြုလုပ်မည့်နိုင်ငံရေးဆွေးနွေး ပွဲအတွက်အစိုးရ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက မူဘောင်အသီး သီးရေးဆွဲထားကြသလို ပြည်တွင်း တိုင်းရင်းသားအင်အားစုပါတီများ ဖြစ်သည့် ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း (NBF)နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုး များမဟာမိတ်အဖွဲ့ (UNA)တို့က လည်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲထားသည်။

NTDW
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List