Tuesday, September 16, 2014

အစွန်းရောက်ဝါဒတိုက်ဖျက်ရေးဌာနထူထောင်ရန် အင်ဒိုနီးရှားစီစဉ်


ဘာသာရေးအစွန်းရောက်ဝါဒနှင့် စစ်သွေးကြွဝါဒများကို တိုက်ဖျက်ရန် ယခုနှစ်အတွင်း နိုင်ငံ၏ပထမဆုံး သော အစွန်းရောက်တိုက်ဖျက်ရေးဌာနတစ်ခုကို ထူထောင်ရန် အင်ဒိုနီးရှားအစိုးရက စီစဉ်လျက်ရှိ ကြောင်း သိရသည်။ အဆိုပါ ဌာနသည် အကျဉ်းထောင်ဌာနနှင့် သီးခြားရပ်တည်ကာ အကြမ်းဖက်မှုနှင့် ထောင်ကျ လာသူများကို သီးခြားထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားအစိုးရ၏ အစွန်းရောက် တိုက်ဖျက်ရေးအင်ဒိုနီးရှား အစိုးရ၏ အီအစဉ်များသည် ထိရောက်မှု မရှိဟု လေ့လာသူများက ယူဆထား ကြပြီး အကြမ်းဖက်မှုစွဲချက်များဖြင့် ထောင်ကျပြီး လွတ်မြောက်လာသူ အများအပြားမှာလည်း အလားတူပြစ်မှုမျိုးကို ထပ်မံကျူးလွန် ခဲ့ကြ သဖြင့် ပြန်လည် ဖမ်းဆီးခံခဲ့ကြရသည်။

ထောင်ကျသွားသည့် အကျဉ်းသားများမှာလည်း အခြားအကျဉ်းသားများနှင့် တွေ့ဆုံသည့်အခါ ၎င်းတို့ ၏ အစွန်းရောက်လုပ်ငန်းစဉ်များအတွက် စည်းရုံးလိုက်သည့်အတွက် အဆိုပါ အကျဉ်းသားတွင်လည်း အစွန်း ရောက်အယူအဆများ ၀င်ရောက်သွားသောကြောင့် ယင်းကဲ့သို့ဖြစ်ရပ်များကို ရှောင်ရှားနိုင်ရန်အစွန်းရောက် တိုက်ဖျက်ရေးဌာနကို ထူထောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List