Thursday, September 18, 2014

အိန္ဒိယနိုင်ငံကို တရုတ်သမ္မတ ချစ်ကြည်ရေးခရီး ရောက်ရှိ


တောင်အာရှဒေသကို ချစ်ကြည်ရေးခရီး ထွက်ခွာလာတဲ့ တရုတ်သမ္မတ ရှီကျင်ပင်းဟာ ပြီးခဲ့တဲ့ စက်တင် ဘာ ၁၇ ရက်နေ့က တတိယနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ အိန္ဒိယ၀န်ကြီးချုပ်ရဲ့ မွေးရပ်ပြည်နယ်ဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပြီး ခရီးစဉ်ဟာ ၀န်ကြီးချုပ် မိုဒီရဲ့ ၆၄ နှစ်ပြည့်မွေးနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရထားလမ်းနဲ့ ကားလမ်း အဆင့်မြင့်တင်ခြင်းလုပ်ငန်းတွေနဲ့ စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ရင်းနှီးမယ်လို့ တရုတ်နိုင်ငံက ကတိပြုထားပေမယ့် ၂ နိုင်ငံလုံးဟာ နယ်စပ်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တနိုင်ငံနဲ့ တနိုင်ငံ ယုံကြည်မှု သိပ်ရှိလှတဲ့ နိုင်ငံတွေတော့ မဟုတ်ကြပါဘူး။

ဝန်ကြီးချုပ် မိုဒီက သူရဲ့ ၀န်ကြီးချုပ်သက်တမ်းအတွင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး စီးပွားဖက်နိုင်ငံ အဖြစ် ဆက်ဆံသွားမယ်လို့ ကတိပြုထားပါတယ်။

တရုတ်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က နှစ်ဖက် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၆၆ သန်းရှိခဲ့ပါတယ်။

ဒီနှစ်ထဲမှာပဲ အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ စက်မှုဇုန်ကြီး ၂ ခု တည်ဆောက်ရေးမှာ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။

တရုတ်သမ္မတရဲ့ ခရီးစဉ်ဟာ တရုတ်ကုမ္ပဏီကြီးတွေ ပြည်ပထွက် စီးပွားရေး အခွင့်အလမ်းရှာကြချိန်၊ တရုတ်စီးပွားရေးအရှိန်ကျချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တရုတ်သမ္မတရဲ့ ခရီးစဉ်အတွင်း အရပ်ဘက် နျူးကလီးယားစွမ်းအင်လုပ်ငန်းနဲ့ နှစ်နိုင်ငံ ရေရှည် အပြန်အလှန်ခရီးသွားလာခွင့်ကိစ္စတွေလည်း ဆွေးနွေးကြမယ်လို့လည်း အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

နျူးလီးယားလက်နက်ကိုယ်စီ ပိုင်ဆိုင်ကြတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ကိုယ်ကျိုးစီးပွားတွေနဲ့ ပြုံးရွှင်ပွေံဖက်နေကြပေမယ့် ဘယ်တုန်းကမှ ဖြေရှင်းလို့ မရသေးတဲ့ နယ်စပ်ပြဿနာတွေနဲ့ အကြီးအကျယ် စွမ်းအင်လိုအပ်ချက်တွေအတွက် အကျိတ်အနှယ် ယှဉ်ပြိုင်နေကြတာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List