Monday, September 15, 2014

အမျိုးသားပညာရေးဥပဒေ လွှတ်တော်က သတ်မှတ်သည့် ကာလအတိုင်းပြီးရန် ၀န်ကြီးဌာနအားစိုက်ရမည်


အမျိုးသားပညာရေးဥပ ဒေကို လွှတ်တော်က မူလသတ်မှတ်ထားသည့် ငါးနှစ်ကာလအတွင်း အကောင် အထည်ဖော်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် အားစိုက်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားလိုက်သည်။

အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် ကူးပြောင်းရေးကာလ ငါးနှစ်အတွင်း အကောင် အထည်ဖော် ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုထား သော်လည်း ၁၃ နှစ်ကြာ ၂၀၂၇ ခုနှစ်မှသာ ဥပဒေအရ စီမံကိန်း အားလုံးကို အကောင်အထည် ဖော်နိုင်မည်ဟု နိုင်ငံတော် သမ္မတက ဥပဒေကြမ်းတွင် ပြင်ဆင်၍ လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ သည်။

သို့သော်သမ္မတ၏ ပြင်ဆင် ချက်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက လက်မခံ ခဲ့ဘဲ မူလအတည်ပြု ချက်အတိုင်း ကူးပြောင်းရေး လုပ်ငန်းစဉ်များအကောင်အထည် ဖော်ရန် ငါးနှစ်သာ သတ်မှတ်ရေး ပြည်ထောင်စု လွှတ်တော်သို့ တင် ပြခဲ့သည်။

ကူးပြောင်းရေးစီမံကိန်းများ ကို ၀န်ကြီးဌာနအပါအ၀င် သက် ဆိုင်သူအားလုံးက တိုင်းပြည်၏ အနာဂတ် အတွက် ရည်ရွယ်၍ အားသွန်ခွန်စိုက်လုပ်ဆောင်ပါက အောင်မြင်နိုင်မည်ဟု ထင်မြင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များကဆိုသည်။

ငါးနှစ်အတွင်းပြုလုပ်ရမည့် အချက်များတွင် တက္ကသိုလ်များ၏ ကိုယ်ပိုင်စီမံ ခန့်ခွဲမှုဖြင့် ဆရာများကို တက္ကသိုလ်ကသာ စာချုပ် ဖြင့် တိုက်ရိုက်ခန့်အပ်မည့် စနစ်အပါအ၀င် နိုင်ငံတကာသတ်မှတ်ချက်များအတိုင်း ဥပဒေကိုရေးဆွဲ ထားခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် မြန်မာ(သို့) အင်္ဂလိပ်ဘာသာ၊ အဆိုပါဘာသာရပ် နှစ်ခုလုံးဖြင့် သင်ကြားရန်၊အခြေခံလိုအပ် သောနေရာများတွင် မြန်မာဘာသာနှင့် တိုင်းရင်းသားဘာသာနှစ်ခုဖြင့် ပူးတွဲသင်ကြားရန်၊ ကိုယ်ပိုင်ကျောင်း များအပါအ၀င် အဆင့်မြင့်ပညာရေးတက္ကသိုလ် ကောလိပ်များ အားလုံးသည် လွတ်လပ်စွာ စီမံခွင့်နှင့်အတူ အမျိုးသားပညာရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များပါဝင်သည်။

အချို့သော အချက်များ သည် ဆရာ၊ဆရာမများနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ရန် အချိန်ယူရမည်ဖြစ်သော်လည်း ဥပဒေ အရ အကောင်အထည်ဖော်ရန် နှင့် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် လိုအပ်သည်ဟုလည်း ပညာရေးကဏ္ဍမှ ပညာရှင်များ ကပြောသည်။

ဥပဒေတစ်ခုသည် နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီ ၍ ပြည်သူက လက်ခံရန်သာ လိုအပ်ပြီး နိုင်ငံတကာတွင် အောင် မြင်မှုများကို ပုံတူကူးချ၍ လုပ်ရာ တွင်မူ အချို့အချက်များသည် မဖြစ်နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များကပြောသည်။

‘‘နိုင်ငံတကာမှာ အောင်မြင် နေပေမယ့် သူတို့က တိုးတက်မှု အခြေအနေတွေကို စနစ်တကျ တည်ဆောက် ပြီးတော့ သွားတာ ကျွန်တော်တို့ဘက်မှာတော့ တည်ဆောက်နိုင်တဲ့ အနေအထားမတွေ့ရသေးဘူး။ ဒါကြောင့် ကျော်ပြီးတော့ သွားလို့မရဘူး။ အဆင့်လိုက်ပဲ သွားလို့ရမယ်’’ ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List