Wednesday, September 17, 2014

ကချင်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ၀မ်းစာဖူလုံမှု စစ်တမ်းကောက်ယူမည်


စစ်ဘေးဒုက္ခသည်များအား ထောက်ပံ့မှုအစီအစဉ်များပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် ကချင်ပြည်နယ် 
နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းများအားလုံးတွင် ၀မ်းစာဖူလုံမှုစစ်တမ်း(Food Security Ass-essment)ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်ရှောင်စခန်းများကို သုံး နှစ်တာကာလအတွင်း လူမှုအဖွဲ့ အစည်းအသီးသီးက ထောက်ပံ့ ပေးခဲ့သည့် ၀မ်းစာဖူလုံမှုအခြေ အနေမှန်ကို သိရှိနိုင်ရန်၊ စားနပ် ရိက္ခာထောက်ပံ့မှုများအပေါ် စစ် ရှောင်မိသားစုဝင်များ မည်ကဲ့သို့ ခံယူကြောင်းနှင့် ယင်းအပေါ်မှီခို မှုအနေအထားမည်ကဲ့သို့ရှိသည် စသည့်အချက်များကို သိရှိစေ ရန် ကောက်ခံခြင်းဖြစ်ကြောင်းလည်း ကရုဏာမြန်မာလူမှုအဖွဲ့အစည်း (မြစ်ကြီးနား) ရုံး(KMSS) ၏ ဒါ​ရိုက်တာဖာသာရ်နိုအဲလ်နောင် လတ်ကပြောကြားသည်။

‘‘စစ်တမ်းမှရရှိလာသည့် ရလဒ်အပေါ်မူတည်၍ ထောက်ပံ့မှုအစီအစဉ်များကို မည်သို့ဆက်လက်လုပ်ဆောင် သွားသင့်တယ်ဆိုကို သိရှိနိုင်ရန် စစ်တမ်းကို ကောက်ယူခြင်း ဖြစ်ပါတယ်’’ ဟုဖာသာရ်နောင်လတ်က ဆိုသည်။ စစ်ရှောင်စခန်းများတွင် ၀မ်းစာဖူလုံရေး စစ်တမ်းကောက်ယူမည့် အစီအစဉ်ကို ဒေသတွင်းလူမှု အဖွဲ့အစည်းကိုးဖွဲ့ဖြင့်ဖွဲ့စည်းထားသော Joint Strategy Team အပြင်ယင်းအဖွဲ့တွင် မပါဝင်သည့် ကချင် ပြည်နယ်ရှိ အခြားဒေသတွင် လူမှုအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်(WFP) တို့ ပူးပေါင်းကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုအချိန်တွင် မေးခွန်းများ ပြင်ဆင်နေပြီး အောက်တိုဘာ၊နိုဝင်ဘာတွင် ကောက်ယူမည်ဖြစ်ကာ ဒီဇင်ဘာ လလယ်ခန့်တွင် အပြီးသတ်ကောက်ယူ သွားမည်ဖြစ်ကြောင်း ဆိုသည်။

WFP မှလည်း ယခု ထောက်ပံ့နေသည့် စားနပ်ရိက္ခာ များအစား ငွေကြေးသာ တိုက်ရိုက်ထောက်ပံ့မည်ဆို သည့် သတင်းများထွက်ပေါ်သည့်အပေါ် စစ်ဘေးဒုက္ခသည်များက ငွေကြေး အစားရိက္ခာသာပေးဆောင် လျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း မိုင်းနားစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးခေါင်ဒေါင်ကဆိုသည်။

၂၀၁၁ ဇွန်လမှစတင်ဖြစ်ပွားခဲ့သော စစ်ဘေးတိမ်းရှောင်နေကြသည့် စစ်ဘေးဒုက္ခသည်အရေအတွက်မှာ တစ်သိန်းကျော်ရှိနေပြီဖြစ်ကြောင်း လူမှုအဖွဲ့အစည်းများမှ သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List