Friday, September 19, 2014

ကမ္ဘာလှည့်ခရီးသွားတွေကို ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ တောင်းပန်လိုက်ရ


အကြောင်းကတော့ ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေအပန်းဖြေစခန်းမှာ အသတ်ခံရတဲ့ဗြိတိသျှနိုင်ငံ သားနှစ်ဦး အမှုနဲ့သက်ဆိုင်ပါတယ်။ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိင်ငံကိုလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဘီကီနီ ရေကူးဝတ်စုံဝတ်ဆင်ကြတာနဲ့ပတ်သက်ပြီး ဒီလိုဝတ်စားတာဟာ အန္တရာယ်မရှိဘူးလား၊ မလှတဲ့ သူတဲ့သူဆိုရင်တော့မပြောလိုဘူးလို့ မှတ်ချက်ပေးပါတယ်။ 

ဝန်ကြီးချုပ်ရဲ့ မှတ်ချက်စကားကြောင့် ဘန်ကောက်က ဗြိတိသျှသံရုံးအရာရှိတွေက မကျေမနပ်ဖြစ်ပြီး ဝန်ကြီးချုပ်ကဘာကိုဆိုလိုတာလဲ၊ တဆိတ်ရှင်းပြဖို့ သက်ဆိုင်ရာ ထိုင်းအရာရှိတွေကို ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။

တကယ်တော့ ဗိုလ်ချုပ်ကြီးပရာယွတ်က ဗုဒ္ဓဟူးနေ့က အစိုးရအရာရှိတွေနဲ့ စကားပြောတဲ့အခါမှာ “ကမ္ဘာလှည့်ခရီးသွားတွေက ကျွန်တော်တို့နိုင်ငံဟာ လှပပြီးလုံခြုံစိတ်ချရတဲ့နိုင်ငံလို့ယူဆပြီး သူတို့ လုပ်ချင်တာအကုန်လုပ်လို့ ရတယ်လို့ထင်နေကြတယ်၊ ဘီကီနီ ရေကူးဝတ်စုံဝတ်ပြီး လျှောက်သွားနိုင် တယ်လို့ထင်နေကြတယ်၊”လို့ဝေဖန်ပြောဆိုလိုက်တာပါ။

ဝန်ကြီးချုပ်မှတ်ချက်ကြောင့် လူအများက အမျက်ဒေါသထွက်ပြီး အင်တာနက် ပေါ်မှာ ဝန်ကြီးချုပ်ဟာ အမျိုးသမီးတွေကို ချိုးနှိမ်သူ၊အသတ်ခံရတဲ့သူနှစ်ဦး ကိုသိက္ခာချ တာဆိုပြီး ဝေဖန်ရေးသားကြပါတယ်။ အင်တာနက်ပေါ်မှာ ဝေဖန်သံတွေစီစီ ညံညံထွက်လာပြီး၊ ဗြိတိသျှသံရုံးကလည်း မေးခွန်းထုတ်လာ တော့ဗိုလ်ချုပ်ကြီးပရာယွတ်လည်း မနေသာတော့ပဲ ဒီကနေ့နေလည်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောလိုက်တဲ့စကားကြောင့်စိတ်အနှောက်အယှက်ဖြစ်ကြတယ်ဆိုရင်တောင်းပန်ပါတယ်လို့ဝန်ချတောင်းပန်သွားပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List