ခါကာဘိုရာဇီ တောင်တက်အဖွဲ့မှ ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးအတွက် မျှော်လင့်ချက်ရှိ နေခြင်းကြောင့် တရုတ်နိုင်ငံမှ တောင်တက်အဖွဲ့များ လာရောက်ကူညီကြမည်ဖြစ်ကြောင်း တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
“လိုအပ်ပါက တရုတ်နိုင်ငံက အခြားတောင်တက်အဖွဲ့အစည်းတွေက ထပ်မံလာရောက် ကူညီကြမှာဖြစ် တယ် တောင်တက်သမားနှစ်ဦး ပျောက်ဆုံးနေသည်မှာ ၁၅ ရက်ခန့်သာ ရှိနေသေးသည့်အတွက် မျှော်လင့် ချက်ရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံ တောင်တက်အဖွဲ့က ရောက်ရှိနေသည်မှာ နှစ်ရက်ကျော်ရှိပြီ ဖြစ်သော်လည်း ခါကာဘိုရာဇီ တောင်တက် အဖွဲ့မှ ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် ရာသီဥတုအခက်အခဲကြောင့် စက်တင်ဘာ ၁၅ ရက်အထိ မစတင်နိုင်သေးကြောင်း ၎င်းက ဆိုသည်။
“ဒေသရာသီဥတုမှာ တိမ်ထူပြီး မြူများဆိုင်းနေသဖြင့် မြင်နိုင်စွမ်းလွန်စွာ အားနည်းနေပါတယ်။ မိုးရွာသွန်း နေမှုကလည်း ရဟတ်ယာဉ်နဲ့ ရှာဖွေရေးလုပ်ငန်းတွေကို အခက်အခဲဖြစ်စေတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံ Blue Sky တောင်တက်အဖွဲ့က ၎င်းတို့ ခါကာဘိုရာဇီတောင်ပေါ်သို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ပြီးနောက် မြေပြင်ရှာဖွေရေးလုပ်ရန် စီစဉ်ထားသော်လည်း ရာသီဥတုဆိုးရွားနေ၍ မလုပ် နိုင်သေးဘဲ ထူးဖောင်ဒေး ရှင်းနာယက ဦးတေဇ ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့နှင့် ပူတာအိုတွင် ပေါင်းစုံတောင်နှင့် အနီးဆုံးရွာဖြစ်သည့် တဟွန်ဒန်းရွာအထိ၊ ထိုမှတစ်ဆင့် ပန်နန်းဒင်ရွာသို့ ထောက်ပံ့ ကူညီရေး ပစ္စည်းများနှင့်တကွ စက်တင်ဘာ ၁၅ ရက်က ရောက်ရှိနေပြီဖြစ်သည်။
အဆိုပါ တောင်တက်သမားနှစ်ဦးသည် သြဂုတ် ၃၁ ရက် ညနေပိုင်းမှစ၍ အခြေစိုက်စခန်းနှင့် အဆက် အသွယ်ပြတ်သွားခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment