Tuesday, September 16, 2014

ဆွီဒင်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ကြောင်းကြေညာ



၂ဝ၁၄ ပါလီမန်ဆိုင်ရာ ရွေး ကောက်ပွဲတွင် ဆွီဒင်ဝန်ကြီးချုပ်၏ ဗဟိုလက်ယာ ယိမ်းအစိုးရတွင် စိတ်ပျက်စရာ ရလဒ်များပေါ် ထွက်လာချိန် ဝန်ကြီးချုပ်ဖရီ ဒရစ်ခ်ရိန်ဖယ်လ် သည် ရာထူးမှ နုတ်ထွက်ကြောင်း ယမန်နေ့ညက ကြေညာလိုက်သည်။ဝန်ကြီး ချုပ် ဖရီဒရစ်ခ်ရိန်းဖယ်လ် ၏ Moderate Party သည်ရွေးကောက် ပွဲတွင် စိတ်ပျက်စရာရလဒ်များပေါ် ထွက်လာချိန် တွင် ရာထူးမှနုတ်ထွက် ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
''ရွေးကောက်ပွဲက ပြီးသွားပါပြီ၊ ဆွီဒင်နိုင်ငံသားတွေက သူတို့ရဲ့ဆုံး ဖြတ်ချက်ကို ပြသွားကြပါပြီ'' ဟု ယင်းကပြောသည်။ ၄င်းသည် ရာထူးမှ နုတ်ထွက်ပေးမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်းအတွက် တိုက်ခိုက်မည် မဟုတ်ကြောင်း နှင့် Moderate Party ခေါင်းဆောင် ရာထူးကိုလည်း စွန့်လွှတ် သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

Social Democrat ခေါင်း ဆောင် စတီဖင်လိုဖ်ဗန်သည် ရိန်ဖယ်လ် ဦးဆောင်သော ဗဟိုလက်ယာ ယိမ်းအစိုးရကို အနိုင် ယူခဲ့သော အတိုက်အခံ red-green မဟာမိတ်ကို ဦးဆောင်ရန်အဆင့်သင့်ဖြစ်နေခဲ့သည်။

၂ဝ၁၄ခုနှစ် ဆွီဒင်ပါလီမန်ဆိုင်ရာ ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန် ကြေညာခဲ့ရာ အတိုက်အခံ red-green မဟာမိတ် သည် ဆန္ဒမဲ ၄၃ ဒသမ ၅ရာခိုင်နှုန်းရရှိပြီး ဗဟိုလက် ယာယိမ်းအစိုးရမှာ ၃၉ ဒသမ ၅ ရာ ခိုင်နှုန်းရရှိခဲ့သည်။

Ref: Xinhua
Yangon Media Group

No comments:

Post a Comment

My Blog List