Friday, September 19, 2014

အီကွေဒေါအလုပ်သမားဥပဒေသစ်ကို ကျောင်းသားနှင့် အလုပ်သမားများ ဆန့်ကျင်ဆန္ဒပြ


အီကွေဒေါနိုင်ငံ ကွီတိုမြို့မှာ ရာနဲ့ချီတဲ့ လုပ်သားတွေနဲ့ ကျောင်းသားတွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့က ပြုလုပ်နေကြတာပါ။ အလုပ်သမား ဥပဒေသစ်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ် တွေ တိုးမြင့်မှုကို ဆန့်ကျင်ပြီး ခုလို ဆန္ဒပြတာ ဖြစ်ပါတယ်။

သမ္မတ ရာဖယ်ကော်ရီယာအစိုးရက အဆိုပြုတဲ့ အလုပ်သမားဥပဒေသစ်ဟာ လစာတွေနဲ့ ခံစားခွင့်တွေကို ဖြတ်တောက်ဖို့ ဦးတည်ထားတယ်လို့ ပြောရင်း ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။

ဒီစနစ်ဟာ အစိုးရက လက်တင်အမေရိကဒေသတွင်း ဖိနှိပ်တဲ့ တခြားမတူ တဲ့နိုင်ငံတွေဆီက မိတ္တူ၊ကူးယူထားတဲ့ ဖိနှိပ်မှုစနစ်ပဲလို့ စက်တင်ဘာ ၁၇ ရက်နေ့က ဆန္ဒပြပွဲမှာ ပါတဲ့ အထက်တန်းကျောင်းသား ခေါင်းဆောင် တယောက်က ပြောပါတယ်။

ဆန္ဒပြသူတွေ ကွီတိုမြို့လယ် ရင်ပြင်ကို ရောက်ချိန်မှာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ ရောက်လာပြီး ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတချို့က ရဲတွေကို တုတ်နဲ့ရိုက်၊ ခဲနဲ့ ပေါက်တာ တွေ လုပ်ခဲ့ကြပါတယ်။

အီကွေဒေါပြည်ထဲရေးဝန်ကြီး ဟိုဆေး ဆာရာနိုက ရဲတွေဟာ ဆန္ဒပြမှုကို မျက်ရည်ယိုဗုံး မသုံးဘဲ ဖြေရှင်း နိုင်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

သူတို့ဟာ ကွီတိုမြို့ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းခဲ့တယ်။ မနက်ဖြန်ကျရင် ဖြစ်လာတာတွေ အပေါ် ပိုပြီး ခိုင်လုံတဲ့နည်းလမ်းနဲ့ ဆက်ပြီး တန်ဖိုးဖြတ်မယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲအတွင်း ရဲ ၁၅ ယောက် ဒဏ်ရာရပြီး လူ ၈ ယောက်ကို ဖမ်းခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါ တယ်။

DVB

No comments:

Post a Comment

My Blog List