Wednesday, September 17, 2014

ချင်းတိုင်းရင်းသားစာပေ သင်ကြားပေးသော ဆရာ၊ ဆရာမများအား အစိုးရက လစာထောက်ပံ့သွားမည်




ချင်းပြည်နယ်အတွင်း ယခုနှစ်မှစတင်ကာ ချင်းတိုင်းရင်းသား စာပေသင်ကြားပေးသော ဆရာ၊ ဆရာမများအား ပြည်နယ် အစိုးရမှ လစာငွေများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမော်က ပြောသည်။

အစိုးရက ထောက်ပံ့ပေးသော ငွေကြေးအဖြစ် ဆရာတစ်ဦးလျှင် တစ်လသုံးသောင်းကျပ် နှုန်းဖြင့် သတ်မှတ်ထောက်ပံ့သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထောက်ပံ့မှုကို ယခုနှစ် အတွင်း စတင်သွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရက ထောက်ပံ့ပေးရန် သက်ဆိုင်ရာ ဘာသာစာပေ သင်ကြားမှုအပိုင်းတွင် တည်ငြိမ်သော အခြေအနေတစ်ခုရရှိအောင် ဆောင်ရွက်ပြီးမှသာ စတင်ထောက်ပံ့သွားမည်ဟု ၀န်ကြီးက ပြောကြားသည်။

‘‘ချင်းပြည်နယ်မှာက ချင်းတိုင်းရင်းသား မျိုးနွယ်စုတင် ၅၀ ကျော်တယ်။ စာပေကလည်း တစ်မြို့နဲ့ တစ်မြို့မတူတဲ့အတွက် သက်ဆိုင်ရာ မြို့နယ်တွေက ကိုယ့်စာပေတွေကို စာသင်ကျောင်းတွေ သင်ကြားလို့ တည်ငြိမ်လာပြီဆိုရင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကို ပြည်နယ် အစိုးရကနေ တစ်ဦးကို သုံးသောင်းကျပ်အထိ ထောက်ပံ့သွားမှာပါ’’ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမော်က ပြောကြားသည်။

ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားစာပေ ကျောင်းချိန်အတွင်း သင်ကြားမှုအနေဖြင့် ယခင် နှစ် ပညာသင်နှစ်မှ စတင် အကောင်အထည်ဖော်ခဲ့သည်။ ထိုသို့ အကောင်အထည်ဖော်ရာတွင်လည်း ချင်းတိုင်းရင်းသား မျိုးနွယ်စုသည် (၅၄) မျိုးထိရှိ၍ စာပေ သင်ကြားမှု ပုံစံမည်သို့ ဆောင်ရွက်မည်ကို ဆုံးဖြတ်ခဲ့ရာ မျိုးနွယ်စုများထဲမှ အဓိကဘာသာစကား များဖြစ်သော ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မတူပီ၊ မင်းတပ်၊ ပလက်ဝတွင် ခူမီစာပေ၊ အရှိုစာပေများ သင်ကြားနိုင်ရန် သက်ဆိုင်ရာစာပေ နှင့် ယဉ်ကျေးမှုကော်မတီများမှ စာအုပ်စာတမ်းများ ထုတ်ဝေသင်ကြားနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List