Wednesday, September 17, 2014

သျှီဝနတ်ဘုရား ဝင်စားသည်ဟု ဆိုသော မျက်လုံးသုံးလုံးနှင့် နွားကလေး တစ်ကောင် အိန္ဒိယတွင် မွေးဖွား


အိန္ဒိယ နိုင်ငံတွင် မျက်လုံးသုံးလုံး ပါရှိပြီး မွေးလာသော နွားပေါက်လေး တစ်ကောင်သည် နိုင်ငံ တစ်လွှား ဟိန္ဒူဘာသာဝင်များ၏ နတ်ဘုရား ပြန်ဝင်စားသည်ဟု စွဲမှတ်ကာ အထွဋ်အမြတ်ထားခြင်း ခံရလျက်ရှိသည်။

ဦးခေါင်းရှေ့ မျက်လုံးနှစ်လုံးကြား နှဖူးအလယ်တွင် တတိယမျက်လုံး ပါရှိလာသော နွားပေါက်လေးသည် ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်ကြာက ပေါက်ဖွားခဲ့ခြင်း ဖြစ်ကာ ဟိန္ဒူ ဘာသာဝင်များက ဆုတောင်းခြင်း၊ ကောင်းချီး ပေးခြင်းများ ပြုလျက် ရှိကြသည်။

နွားပေါက် ပိုင်ရှင် မိဂါလာက တန်ခိုးတော်ရှင် အဖြစ် ဖော်ညွှန်း၍ သျှီဝဟုပင် အမည်ဆင်တူ မှည့်ယူထား သလို ယင်းနွားပေါက်ငယ် လေးကို မျက်လုံးသုံးလုံး ပါရှိသော သျှီဝ နတ်ဘုရား ပြန်ဝင်စားသည်ဟု သက်ဝင်ယုံကြည် ကြသူများလည်း အများအပြား ရှိနေသည်။

နွားပေါက်လေး၏ ဂုဏ်သတင်းက တမီးလ်နာဒူ ပြည်နယ်တွင်း အထူး ပျံ့နှံ့လျက် ရှိပြီး ရာနှင့်ချီသော လူများက နွားပေါက်လေးကို ဖူးမြှော်ခွင့် ရရန်နှင့်၊ ဆုတောင်းခယ ဝပ်တွားရန် တိုးဝှေ့ လျက် ရှိနေသည်။

ဟိန္ဒူ ကလေးငယ်များက နောင်ရေး ကံဇာတာကောင်းများ ဆောင်ကြဉ်းလာ နိုင်သည်ဟု ယုံကြည်မှုဖြင့် နွားလေး၏ ဦးခေါင်းကို ပွတ်သပ်ကြသည်။ ဟိန္ဒူဘာသာ အယူအဆအရ သျှီဝနတ်ဘုရားသည် အဦးဆုံး နတ်ဘုရားများက တစ်ပါးအပါအဝင်ဖြစ်ပြီး ယောဂနှင့် အနုပညာကို စောင့်ရှောက်သည်ဟု ယုံကြည် သက်ဝင်ထား ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List