Wednesday, September 17, 2014

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်တွေကြောင့် အနုပညာကြယ်ပွင့် ဂျော့ခ်ျကလိုနေအား Cecil B.DeMille ဆုချီးမြှင့်မည်



ဟောလိဝုဒ်ရဲ့ အနုပညာကြယ် ပွင့် ဂျော့ခ်ျကလိုနေဟာသူရဲ့ အနု ပညာလုပ်ငန်းတွေမှာ အောင်မြင် ကျော်ကြားသူတစ်ဦး ဖြစ်ပြီး သူရဲ့လူ သားချင်းစာနာထောက်ထားမှု လုပ် ဆောင်ချက်တွေကြောင့် ရွှေကမ္ဘာ လုံးဆုပေးပွဲမှာ Cecil B. DeMille Award ကိုပေးအပ်သွားမယ်လို့ ရွှေကမ္ဘာလုံးဆုပေးအပ်သည့် အဖွဲ့အ စည်းက ပြောခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထား မှု လုပ်ငန်းတွေမှာ ကလိုနေရဲ့အား တက်သရောပါဝင်မှုတွေကြောင့် ဒီဆုကိုပေးအပ်သွား မှာပါဟု ထိုဆုပေး အပ်ရန် အဆုံးအဖြတ်ပေးသော ဟောလိဝုဒ် နိုင်ငံခြားသတင်းစာ အသင်းက ပြောခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် ကလို နေဟာ မကြာခင်မှာဗြိတိန်လက်ဘ နွန်နွယ်ဖွား အေမယ်လ်အေလာမက် ဒင်နှင့် လက်ထပ် မှာဖြစ်ပါတယ်။ သူ ဟာ 'The Descendants" ''Syriana" နှင့် O Brother Where Art Thou?"တို့ဖြင့် ရွှေကမ္ဘာလုံးဆု သုံးဆုဆွတ်ခူးခဲ့သူဖြစ်ပြီး သူ့ရဲ့လူ သိများထင်ရှားတဲ့ ဒရမ်မာဇာတ်ကား "ER" ဖြင့် ရွှေကမ္ဘာလုံးဆုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။ 

မင်းသား၊ ထုတ်လုပ်သူ၊ စာရေး ဆရာနှင့် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကလိုနေဟာ ကမ္ဘာတစ်ဝန်းကမျိုး ဖြုတ်သတ်ဖြတ်မှု များကို တားဆီး ရေးဆိုင်ရာ အဖွဲ့အစည်း "Not On Our Watch" ကို ပူးတွဲထူထောင် သူလည်း ဖြစ်ပါတယ်။ ယခင်က Cecil B. DeMille ဆုဆွတ်ခူးခဲ့သူ များထဲတွင် ဂျိုဒီဖိုစ်တာ၊ စတီဗင် စပီးလ်ဘတ်၊ အန်သိုနီဟော့ပ်ကင်၊ မိုက်ကယ်ဒေါက်ဂ် လက်စ်နှင့်မာတင် စကော်စီစီတို့ ပါဝင်ပါတယ်။ 

AFP
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List