Monday, February 09, 2015

သပိတ်မှောက်ကျောင်းသားများကို ထောက်ခံပွဲနှင့် ပြည်သူများဝန်းရံစေရေး လှုံ့ဆော်လမ်းလျှောက်ပွဲ ရန်ကုန်တွင် စတင်ပြုလုပ်


အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် နေသည့် ကျောင်းသား များအား ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲ ကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၈ ရက်က စတင်ပြုလုပ်ခဲ့ပြီး ရန်ကုန်ရှိပြည်သူများ အနေဖြင့် ကျောင်းသားများကို ဝန်းရံစေရန်လှုံ့ဆော်လမ်း လျှောက်ပွဲများဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါလှုံ့ဆော်ဆန္ဒပြလမ်း လျှောက်ပွဲများကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)မှ အဖွဲ့ဝင်များ၊ သပိတ်ခေါင်းဆောင်များ ၊ ကျောင်းသားများ၊ ပြည်သူများကဦးဆောင်ပြုလုပ် မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှ ဆူးလေစေတီတော်အနီး မြို့တော် ခန်းမအထိ လမ်းလျှောက်လှုံ့ ဆော်မည်ဖြစ်ကာ ကျောင်းသားများ ရန်ကုန်မရောက်မချင်းဆက်လက်လှုံ့ဆော် မည်ဖြစ်ကြောင်း ဗကသအဖွဲ့ဝင် ကိုလင်းထက်နိုင်က ပြောသည်။

‘‘ရန်ကုန်ကို အနယ်နယ် အရပ်ရပ်က ချီတက်လာတဲ့ ကျောင်းသားတွေ မရောက်မချင်း ရန်ကုန်မြို့မှာ ကျွန်တော်တို့ ကျောင်းသားတွေ လှုံ့ဆော်မှုတွေ ဆက်လုပ်မယ်’’ဟု မြို့တော်ခန်းမ ရှေ့ လှုံ့ဆော်ဟောပြော ပွဲတွင် ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၈ ရက်က သပိတ်မှောက်ကျောင်းသားများ ကို ထောက်ခံကြောင်း ပြသခြင်း နှင့် ရန်ကုန် ရှိ ကျောင်းသားမိဘ များအား အဆိုပါသပိတ်များကိုပူးပေါင်းဝန်းရံစေရန် လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကစားကွင်းရှေ့မှ မြို့ နယ်ရှစ်မြို့နယ်ကို ဖြတ်သန်းပြီး ဆူးလေစေတီတော်အနီး မြို့တော်ခန်းမရှေ့အထိ ဗကသအဖွဲ့ဝင်များ၊ ကျောင်းသားများ၊ ပြည်သူများအပါအဝင် စုစုပေါင်းအင်အား ၃၀၀ ခန့်က လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

‘‘အခုအချိန်မှာ ကျွန်တော် တို့နောက်ကွယ်မှာ ကြိုးကိုင်နေ သူတွေ၊ နိုင်ငံရေး သမားတွေရှိ တယ်လို့ အစိုးရက ကြေညာချက် တွေထုတ်နေပါတယ်။ ကျွန်တော် အခု ပြည်သူလူထုရှေ့မှာပြောပါ မယ်။ ကျွန်တော်တို့နောက်ကွယ်မှာ ဘယ်နိုင် ငံရေးအဖွဲ့အစည်းမှ မရှိသလို ကြိုးကိုင်သူလည်းမရှိပါ ဘူး။ အမျိုးသားအကျိုး စီးပွားနဲ့ သက်ဆိုင်နေတာကြောင့် ကျွန် တော်တို့ ဆန္ဒပြနေရခြင်းဖြစ်ပါ တယ်’’ဟု မြို့တော်ခန်းမရှေ့ ဟောပြောပွဲတွင် ကျောင်းသား သပိတ်ခေါင်းဆောင်တစ်ဦးဖြစ် သည့် ကိုနန္ဒာစစ်အောင် က ပြော သည်။

လှုံ့ဆော်ဆန္ဒပြသည့် လမ်း တစ်လျှောက်၌ ပြည်သူများထည့် ဝင်သော အလှူငွေ ကျပ် ၁၂ သိန်း ကျော်ရရှိခဲ့ပြီး အဆိုပါအလှူငွေ များအား ရန်ကုန်သို့ချီတက်လာ နေ သည့် သပိတ်စစ်ကြောင်းများ ထံ ပေးပို့ပေးသွား မည်ဖြစ် ကြောင်း ကိုလင်း ထက်နိုင် က ပြောသည်။

မြို့တော်ခန်းမရှေ့ ဟော ပြောပွဲတွင် ကျောင်းသားများ၊ သပိတ်ခေါင်းဆောင်များ၊ အရပ် ဘက်အဖွဲ့အစည်း များ၊ ကျောင်း သားမိဘတစ်ဦးတို့က ကျောင်းသား သပိတ်အပေါ် ထောက်ခံ ကြောင်းလှည့်လည်သည့် ကား ပေါ်၌ ပြောကြားခဲ့သည်။

လှုံ့ဆော်ဆန္ဒပြသည့် လမ်း တစ်လျှောက်အတွင်း မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မြို့မရဲစခန်း မှူး၊ တာမွေမြို့ နယ်မြို့မရဲစခန်း မှူး၊ ဗိုလ်တထောင်မြို့နယ် မြို့မရဲစခန်းမှူးတို့က ဦးဆောင်လှုံ့ဆော်သူများအား မေးမြန်း အသိပေး မှုများ ပြုလုပ်ခဲ့သော်လည်း တားမြစ် ပိတ်ပင်ခဲ့ခြင်းများမပြုလုပ်ခဲ့ပေ။

(ဓာတ်ပုံ-ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List