Thursday, February 12, 2015

ပရိသတ်အတွက် အသစ်အဆန်းဖြစ်မယ့် နီနီခင်ဇော်ရဲ့ ဂယ်ဘဲ ဂယ်ဘဲ


ဂီတလောကတွင် ပထမဆုံးအကြိမ်အဖြစ် ‘ဂယ်ဘဲ ဂယ်ဘဲ’ သီချင်းတစ်ပုဒ် တည်းပါဝင်သည့် ဒီဗီဒီ ကို ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ဖြန့်ချိမည်ဟု နီနီခင်ဇော်က ပြောသည်။ ‘‘ဒီ Single Song က နီနီ အတွက် ပထမဆုံးခြေလှမ်းဖြစ်သလို Single Song Music Video ကို ပထမဆုံးဖြန့်ချိတာဖြစ်တဲ့အတွက် အားစိုက် ရတာတွေ ကြိုးပမ်းရတာတွေ များပါတယ်’’ဟု ၎င်းက ပြောသည်။
‘ဂယ်ဘဲ ဂယ်ဘဲ’သီချင်းအော် ဒီယိုကို ယင်းနေ့တွင် Myanmar Music Store မှ စတင်ဖြန့်ချိမည် ဖြစ်ပြီး ယင်းသီချင်အမ်တီဗီတစ် ပုဒ်တည်းသာ ပါဝင်မည့် ဒီဗီဒီကိုလည်း ဘိုဘိုအင်တာတိန်းမန့် မှ ဖြန့်ချိ မည် ဖြစ်သည်။

‘‘Music Video ပါတဲ့ ဒီဗီဒီကို ၆၀၀ ကျပ်နဲ့ စတင်ဖြန့်ချိပေးပါ မယ်။ နောက်ပြီး NiNiKhinZaw LEGACY ဆိုတဲ့ ယူကျူ့ဘ်မှာလည်း အဲဒီ့ Music Video ကို HD ဗားရှင်းနဲ့ စတင်ပေးမှာ ပါ’’ဟု နီနီခင်ဇော်က ပြော သည်။

ဂယ်ဘဲ ဂယ်ဘဲဆိုသည့် အမည်မှာ ဆန်းနေသဖြင့် အဓိပ္ပာယ်ပေါ်လွင်စေရန် အမ်တီဗီကိုတစ်ခါတည်း ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ပျော်စရာ ကောင်းသည့် အငွေ့အသက်များဖြင့် ဖန်တီးထားသည်ဟုဆိုသည်။

‘‘ဂယ်ဘဲ ဂယ်ဘဲဆိုတာ ယောက်ျားလေးတစ်ယောက်က မိန်းမအ၀တ်အစားဝတ်ထားတာ မဟုတ်ဘဲ Spa သွားရတာကြိုက်တယ်။ မိန်းကလေးတစ်ယောက်ထက် နွဲ့နွဲ့နောင်းနောင်းနေတတ်တယ်။ နောက်ပြီး မိန်းကလေးတွေထက် မိတ်ကပ်ကြိုက်တယ်။ မျက်ခုံးမွေးတွေဆွဲတယ်။ အဲဒီလိုပုံစံ လေးတွေကို ဘယ်သူ့ ကိုမှ တိုက်ခိုက်တဲ့ ပုံစံမဟုတ်ဘဲ ပျော်စရာ တဲ့ပုံစံလေးနဲ့ ရိုက်ထား တယ်’’ဟု နီနီခင်ဇော်က ပြောသည်။

ယင်းသီချင်းအမ်တီဗီကို မျှော်လင့်ချက်တစ်စုံတစ်ရာသီချင်းရိုက်ကူးသည့် ဒါရိုက်တာ မောင်မောင်သာမြင့်က ရိုက်ကူးပေးထားပြီး အလှကြိုက် သည့် ယောက်ျားလေးနေရာတွင် မော်ဒယ် အာကာဟိန်းက သရုပ်ဆောင်ပေး ထားသည်။

ဂယ်ဘဲ ဂယ်ဘဲ သီချင်းကို တေးရေး ဆလိုင်းက ရေးသားပေးထားခြင်းဖြစ်ပြီး Lazy Club တီးဝိုင်းက တီးခတ်ပေးထားကြောင်း နီနီခင်ဇော် က ပြောသည်

7Day Daily

No comments:

Post a Comment

My Blog List