Tuesday, February 10, 2015

တရုတ် ဟန်လုံစီးပွားရေးလုပ်ငန်းစုကြီးဥက္ကဋ္ဌကို ကွပ်မျက်





တရုတ်ပြည်တွင်း လုံခြုံရေး အရာရှိချုပ်ဟောင်းနဲ့ နီးစပ်သူ သတ္တုတွင်းလုပ်ငန်း ရှင်နဲ့ အပေါင်းပါ ၃ ဦးကို တရုတ်အစိုးရက ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ကွပ်မျက် လိုက်ပါတယ်။

စီချွမ်းပြည်နယ်အခြေစိုက် ဟန်လုံ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ လျူဟန်ကို မာဖီးယားပုံစံ ရာဇ၀တ်မှု၊ လူသတ်မှုတွေ ကျူးလွန်ခဲ့မှုနဲ့ ပြီးခဲ့တဲ့နှစ် မေလက တည်းက သေဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကွပ်မျက်ခံရတဲ့ လျူဟန်ဟာ  စီချွမ်းပြည်နယ်မှာ သတ္တုတူးဖော်ရေးလုပ်ငန်း အပြင် တယ်လီဖုန်း ဆက် သွယ်ရေးလုပ်ငန်းနဲ့ ဓာတုပစ္စည်းလုပ်ငန်းတွေကို ပိုင်ဆိုင်ပြီး စီးပွားရေးသြဇာ အထူးကြီးမားခဲ့သူလို့ လည်း ဖော်ပြပါတယ်။

အစိုးရထိပ်တန်းအာဏာပိုင်တွေရဲ့ အကာအကွယ်ပေးမှုနဲ့ မျက်နှာသာပေးမှုကို အခွင့်ကောင်း ယူပြီး တရားမ၀င်လောင်းကစားလုပ်ငန်းတွေ အကြီးအကျယ် လုပ်ကိုင်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးတွေကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့လည်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာန က ဖော်ပြပါတယ်။

လျူဟန်နဲ့ အထူးနီးစပ်ခဲ့တဲ့ တရုတ်ပြည်တွင်းလုံခြုံရေး အရာရှိချုပ်ဟောင်း ဇူယုံကောင်ကို လည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖမ်းဆီးခဲ့ပြီး လတ်တလော စစ်မေးနေပါတယ်။

ဇူယုံကောင်ဟာ ၂၀၀၃ ခုနှစ်မှာ တရုတ်ပြည်တွင်းလုံခြုံရေး အရာရှိချုပ်မဖြစ် ခင် စီချွမ်းပြည်နယ် ပါတီ အတွင်းရေးမှူး အဖြစ် တာဝန်ယူစဉ်ကာလက လျူဟန်နဲ့ အထူးရင်းနှီးခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် စီချွမ်းပြည် နယ် ထိပ်တန်းအာဏာပိုင်တွေလည်း ဖမ်းဆီး အစစ်ဆေးခံနေရပါတယ်။

ဇူယုံကောင်ဟာ သမ္မတ ရှီကျင့်ပင်းရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အထူးစီမံချက်အတွင်း ဖမ်းဆီး အရေးယူခံရတဲ့ အဆင့်အမြင့်ဆုံး တရုတ် ထိပ်တန်းခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List