Friday, February 13, 2015

ဒေါ်အောင်ဆန်းစုကြည် နတ်မောက်ရှိ ကလေးများနှင့် တွေ့မည်


ဖေဖော်ဝါရီ ၁၃ ရက်ဗိုလ်ချုပ်မွေးနေ့နှင့်အတူ ကျရောက်သော ကလေးများနေ့တွင် ဒေါ်အောင်ဆန်းစုကြည် နတ် မောက်မြို့ရှိ ကလေးငယ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။နတ်မောက်မြို့ ၌ ပြု လုပ် သော ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်ပွဲ သို့ ဒေါ်အောင်ဆန်းစုကြည်လာ ရောက်ချိန်တွင် နတ်မောက်မြို့၌ ကျင်းပမည်ဖြစ်သည့် ကလေးများ နေ့ အခမ်းအနားတွင် ကလေးငယ်များနှင့် နံနက် ၁၀ နာရီခန့်၌ တွေ့ဆုံမည်ဖြစ်ပြီး ကလေးငယ် နှစ်ထောင်ခန့် လာရောက်မည်ဟု ခန့်မှန်းကြောင်း နတ်မောက်မြို့အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ပြောသည်။ 

ထိုသို့ တွေ့ဆုံရာတွင် လူ ကြီးများနှင့် ကလေးမိဘများလုံးဝပါဝင်စေမည်မဟုတ်ဘဲ ကလေး ငယ်များနှင့်သာ စကားပြောမည် ဖြစ်ကြောင်း နတ်မောက်မြို့အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသောင်းရွှေ က ပြောသည်။

လူတန်းစားမရွေး ကလေး အားလုံးကလေးများနေ့ အခမ်း အနားတွင် ပါဝင်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် က ကလေးများနှင့် စကားပြောမည်ဖြစ်ကြောင်း ဦးသောင်းရွှေက ဆိုသည်။ ‘‘လမ်းဘေးက အလေအလွင့် ကလေးငယ်တွေ၊ သူတောင်းစားကလေးတွေကအစ ဘယ်လို ကလေးမဆို ဒေါ်စုနဲ့တွေ့ပြီး စကားပြောနို င်အောင် စီစဉ်ထား တယ်’’ဟု ၎င်းက ပြောသည်။

‘‘ကျွန်တော့်အိမ်က ကလေး ကိုတော့ သွားခိုင်းထားတယ်ဗျ။ ကျွန်တော်တို့ ငယ်ငယ်က လူထု ခေါင်းဆောင် ကိုမြင်ဖူးဖို့ လွယ်တာ မဟုတ်ဘူးလေ။ ပြီးတော့ ဒေါ်စုကလေးတွေကို ပြောတာတွေလည်း အိမ်က သားကို နား ထောင်ခိုင်းချင်တယ်’’ဟု နတ်မောက်မြို့ပေါ်တွင် နေထိုင်သော (၁၁) နှစ် အရွယ် ကလေးတစ်ဦး၏ဖခင် ကိုဝင်းကျော်လွင်က ပြောသည်။

ဖေဖော်ဝါရီတွင် ကလေး များနေ့ကို အစိုးရက တရားဝင် ကျင်းပခွင့်ပေးပြီးချိန်၌ မြို့နယ် အလိုက် ဗိုလ်ချုပ် ရာပြည့်မွေးနေ့ ပွဲနှင့်အတူ ကလေးများနေ့အထိမ်း အမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများပါ ကျင်းပလာကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List