ဧရာဝတီသပိတ်စစ်ကြောင်းမှာ လိုက်ပါချီတက်လာခဲ့တဲ့ ပုသိမ်မြို့ အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသူ မချောစုစံပုံ
ဧရာဝတီတိုင်းဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု စစ်ကြောင်းမှာ လိုက်ပါချီတက် လာခဲ့တဲ့ ပုသိမ်မြို့ အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသူ မချောစုစံကို မအူပင်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း မိဘထံ ပြန်လည် အပ်နှံလိုက်ပါတယ်။
စာမေးပွဲဖြေဆိုရမှာဖြစ်တဲ့အတွက် ပညာရေးမလစ် ဟင်းစေဖို့ မချောစုစံကို စစ်ကြောင်းမှာ ပါလာသူတွေ က ၀ိုင်းဝန်းတိုက်တွန်းပြီး ပြန်အပ်လိုက်တာလို့ ဧရာဝတီတိုင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဝန်းရံကော်မတီ ဝင် ကိုဇော်ရမ်းက ပြောပါတယ်။
"သူကတော့စစ်ကြောင်းနဲ့ ဆက်လိုက်ချင် တယ်ပေါ့နော်၊ ဒါပေမယ့် စစ်ကြောင်းက တိုက်တိုက်တွန်းတွန်းနဲ့ စာမေးပွဲဖြေဖို့ဖျောင်းဖျ ပြီးတော့ မိဘတွေနဲ့ပြန်ထည့်ပေးလိုက်တာပါ၊ အပ်လိုက်တာကလည်း မအူပင်ခရိုင် ပညာရေးမှူးရယ်၊ မြို့နယ်ပညာရေးမှူးရယ် ကျနော်တို့ ခေါ်ပြီး အပ်လိုက်တာပါ၊ သတင်းစာရှင်းလင်းပွဲလည်း လုပ်လိုက်ပါတယ်၊ စစ်ကြောင်းက ဦးဆောင်ကော် မတီတက်တယ်၊ နောက် ဝန်းရံကော်မတီက ကျနော်တက် တယ်၊ တခြားကျောင်းသူ ကျောင်းသားတွေနဲ့ သူ့အဖေ ကိုအောင်ကျောင်သူရယ် နောက် သူ့အမေရယ် ၊ သူရယ်ပေါ့နော် တက်ပါတယ်၊ အားလုံက စုပေါင်းပြီးတော့ ပိုက်ဆံ ၅ သိန်းပေါ့နော်၊ သူ့ရဲ့ ပညာရေးနဲ့ သူ့ရဲ့လိုအပ်ချက်ပေါ၊့ သူတို့မိသားစု မှာလည်း ကျောင်းသားချည်းပဲ ၄ ယောက်ရှိတယ်ပေါ့နော်၊ သူကအကြီး ဆုံး သူ့အောက်မှာ ကျောင်းသား ၃ ယောက်ရှိတော့ အဲ့ဒါကိုသူက မျက်ရည်ကျတယ်၊ ဒါကိုလိုချင်လို့လည်း လိုက်တာမဟုတ်ဘူး၊ သူ့ရဲ့ယုံကြည်ချက်နဲ့ စစ်ကြောင်းဂုဏ်သိက္ခာအတွက် သူမယူပါဘူးပါရစေနဲ့လို့ ငြင်း ပါတယ်"
ခရီးရှည်စစ်ကြောင်းမှာ လိုက်ပါလာတဲ့ ဆယ်တန်းကျောင်းသား (၄) ယောက်ကိုလည်း စာမေးပွဲဖြေဖို့ ပြန် လွှတ် လိုက်ကြောင်း၊ ကျန်တဲ့ ကျောင်းသားတွေကတော့ ပြင်ပက အလွတ်ဖြေဆိုမယ့် ကျောင်း သားတွေဖြစ်ကြောင်း လည်း ကိုဇော်ရမ်းက ပြောပါတယ်။
ဒီစစ်ကြောင်းမှာ မချောစုစံရဲ့ဖခင်လည်း လိုက်ပါလာခဲ့ပါတယ်။ မအူပင်ရောက်ရင် အိမ်ပြန်ခေါ်မယ် လို့ ကျောင်းကုန်းမြို့အရောက်မှာ သပိတ်စစ်ကြောင်းနဲ့ ညှိနှိုင်းထားတာမို့ မချောစုစံကို ချော့မော့ဖျောင်း ဖျပြီး ပြန်လည်အပ်နှံ လိုက်တာလို့ ပြောပါတယ်။
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ကျောင်း သားကိုယ်စားလှယ်တွေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NEER တို့ဟာ အမျိုးသားပညာရေးဥပဒေ လေးပွင့် ဆိုင် ဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနနဲ့ ဒီနေ့ ညှိနှိုင်းဆွေးနွေးပါမယ်။ ဆွေးနွေးပွဲ အလား အလာတွေကို ကျောင်းသားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုနန္ဒစစ်အောင်ကို ဒေါ်စမ်းစမ်းတင်က ဆက် သွယ်မေးမြန်းခဲ့ပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ခရီးရှည် ချီတက်ပွဲတွေရဲ့ အရင်းခံကိစ္စ ဟာ မြန်မာ့ပညာရေးအဆင့်နိမ့်ကျနေလို့ပဲ ဖြစ် ပါတယ်။ ဒီအတွက် ဘယ်သူဘယ်ဝါ့ကြောင့်လို့ ပြောနေမယ့် အစား စနစ်ကို အစကစပြီး ပြုပြင်ဖို့လိုတယ်လို့ သုံးသပ်သူတွေရှိပါတယ်။
RFA Burmese

No comments:
Post a Comment