Wednesday, February 11, 2015

ဒေါက်တာသိန်းလွင်ကို ဒီချုပ်က ဘာကြောင့်တာဝန်ရပ်ဆိုင်းရသလဲ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ အရန်ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်အဖြစ် မှ ဒေါက်တာသိန်းလွင်အား  ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ထို့အပြင် လက်ရှိပညာရေးကော်မတီ၏ လုပ်ငန်း များကိုလည်းရပ်ဆိုင်းလိုက် သည်ဟု ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သောNLD၏ ကြေညာချက်၌ ဖော်ပြ ပါရှိသည်။ အဖွဲ့ချုပ်၏ စည်းမျဉ်းများချိုးဖောက်ခြင်းနှင့်တားမြစ်ချက်များ  မလိုက်နာခြင်းတို့ကြောင့်တာဝန်မှ ရပ်စဲရခြင်းဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဒေါက်တာသိန်းလွင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အရန် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ၀င်နှင့် ဗဟိုကော်မတီဝင်အဖြစ်မှ ရပ်ဆိုင်းလိုက် သည့်အပေါ် အားလုံးကနားမလည်နိုင်ဖြစ်ခဲ့ရသည်။ ဒေါက် တာသိန်းလွင်သည် ပါတီတွင်အရေးပါသောပညာတတ်တစ်ဦးဖြစ်ပြီး သြစတြေးလျနိုင်ငံမှ ပညာရေးဆိုင်ရာ ပါရဂူဘွဲ့ရရှိခဲ့သူဖြစ်သည်။

ပါတီအနာဂတ်အတွက်အ လွန်အရေးပါပြီး ကြီးမားသော တာဝန်များ  ထမ်းဆောင်နေသူ တစ်ဦးကို   တာဝန် မှရပ်ဆိုင်း လိုက်သည့်အပေါ် အားလုံးကနားမလည်ဖြစ်ခဲ့ရသည်။  ပါတီ၏ တာဝန်များ  ရပ်ဆိုင်းရခြင်းမှာ လည်း အားလုံးစိတ်ဝင်စားသည့် အမျိုးသားပညာရေးဥပဒေ  လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့ခြင်းဖြစ်နေ၍ ပိုမိုအံ့အားသင့်ခဲ့ရသည်။

‘‘မသွားစေချင်တာက အဖွဲ့ ချုပ်က ၀င်ရောက်ကြိုးကိုင်နေပါ တယ်ဖြစ်မှာစိုးလို့ ထင်တယ်’’ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့အ တွင်းရေးမှူးဦးမျိုးရန်နောင်သိန်း က ၎င်း၏အမြင်ကိုပြော သည်။

ဒေါက်တာသိန်းလွင်အနေ ဖြင့် ဖေဖော်ဝါရီ ၁ရက်ကရန်ကုန် မြို့ စိန်ရတု ခန်းမတွင်ပြုလုပ်သော အမျိုးသား ပညာရေးဥပဒေလေး ပွင့်ဆိုင်   တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ထိုသို့တက် ရောက်ခြင်းနှင့်  ပတ်သက်၍ ဒေါက်တာသိန်းလွင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတက်ရောက်ခြင်း မဟုတ်ကြောင်းနှင့်ပညာရေးပြုပြင်ပြောင်းလဲ ရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)ကိုယ်စားလှယ်အဖြစ်သာတက်ရောက်ခြင်း ဖြစ်ကြောင်းNLDက ဆွေးနွေးပြီး နောက်တစ်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့ သည်။ ဒေါက်တာသိန်းလွင်သည် NNERတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လျက်ရှိသည်။

NLDအဖွဲ့ဝင်များအနေဖြင့် အခြားအဖွဲ့အစည်းများနှင့်ဆက် သွယ်ညှိနှိုင်း ဆောင်ရွက်ရာတွင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က အပ်နှင်းထားသည့် တာဝန်အရ သာ တက်ရောက်ခွင့်ရှိသည်။

ထို့ကြောင့် ဒေါက်တာသိန်း လွင်ကို NLDပါတီ၏ စည်းမျဉ်း စည်းကမ်းနှင့် အညီဆက်လက် ဆောင်ရွက်သွား မည်ဟုသတင်း ထုတ်ပြန်ခဲ့ပြီးတစ်ပတ်အကြာ ဒေါက်တာသိန်းလွင်အားပါတီ၏ အရန်ဗဟိုအလုပ်အ မှုဆောင်အဖြစ်မှ  ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ ကို  ကျောင်းသားများစတင်သ ပိတ်မှောက် ဆန္ဒပြသည့်အချိန်မှစ၍ ထိုဆန္ဒပြ မှုများမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်းသားများက မြှောက်ပင့်ပေးနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

အစိုးရအကြီးအကဲများနှင့်တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကြား၌ ထိုကဲ့သို့ပင်ထင်မြင်ယူဆမှုများ ရှိနေသည်။

အစိုးရအဖွဲ့က ယခုကဲ့သို့ ထင်မြင်ရခြင်းမှာ အမျိုးသားပညာရေးဥပဒေပြင် ဆင်ရေးနှင့်ပတ်သက်၍ ထောက် ခံပေးနေ သော NNERအဖွဲ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော် မတီဝင်ဒေါက်တာသိန်းလွင်ပါ ၀င်နေခြင်းနှင့် ရန်ကုန်မြို့သို့ ချီ တက်လာသော  သပိတ်စစ်ကြောင်းများအား အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီဝင်များကကြိုဆိုခြင်းများကို ကြည့်၍ ထင်မြင်ယူ ဆကြခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေးလမ်း ကြောင်းကို  တစိုက်မတ်မတ် တောင်းဆိုနေသော ဒေါ်အောင်ဆန်းစုကြည်က လည်း ယင်းကဲ့သို့ အထင်အမြင်လွဲမှားခြင်းကိုလက် မခံသည့်အနေဖြင့်  ဒေါက်တာ သိန်းလွင်အားလေး ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲမသွားရန်  ပြောဆိုခဲ့သည်ဟု အမည်မဖော်လိုသူNLDပါတီ  အကြီးအကဲတစ်ဦး ကဆိုသည်။

ထို့အပြင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေဖြင့်  ၂၀၁၅ တွင်  ကျင်းပမည့် ရွေးကောက်ပွဲ တွင် နိုင်ခြေ များနေသဖြင့် ရွေး ကောက်ပွဲချောချောမွေ့မွေ့ဖြစ် ရေးသာ အာရုံစိုက်လုပ်ကိုင်နေသည့် အနေအထားဖြစ် သည်။ ထို ကြောင့် ရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်မငြိမ်မသက်ဖြစ်မည်ကို ၎င်းအနေဖြင့်မလို လားပေ။ အထူးသဖြင့် လုံခြုံရေးတာဝန်ယူထားသော လက်နက်ကိုင်အဖွဲ့များ အနေဖြင့် NLDပါတီအပေါ်အထင် အမြင်လွဲမည်ကိုဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ခဲ့သည်။

‘‘ဒေါ်စုနဲ့ NLDကလွှတ်တော် တွင်းနိုင်ငံရေးကို လုပ်နေပြီဆို တော့ ရွေးကောက်ပွဲကို အဓိက ထားပြင် ဆင်နေကြမှာတော့ အ မှန်ပါပဲ။ လူထုရဲ့ထောက်ခံမှုအ ရှိန်ကလည်း ရှိနေသေးတယ်ဆို တော့ ရွေးကောက် ပွဲကိုချောချော မွေ့မွေ့ဖြစ် စေချင်တယ်လို့ပြော နေတာမဆန်းပါဘူး’’ဟု VOAသ တင်းဌာန ဌာနကြီးမှူး ဦးသန်းလွင်ထွန်းက သုံးသပ်သည်။

အမျိုးသားပညာရေးဥပဒေ ကို ကျောင်းသားများစတင်ကန့် ကွက်သည့် အချိန်ကတည်းကဒေါ် အောင်ဆန်း စုကြည်သည် နှစ်ဖက် ညှိနှိုင်းဖြေရှင်းရန်နှင့်  ကျောင်း သားများတောင်းဆိုနေသည့်အ ချက်များမှာ  နည်း ဥပဒေထွက်ရှိ လာပြီးနောက်  အဆင်ပြေသွား မည်ဖြစ်၍  နည်းဥပဒေအမြန် ထွက်ရန်သာ ပြောဆိုခဲ့သည်။

ပါတီအနေဖြင့်လည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီ ၀င်များ မိမိတို့၏ သဘောဆန္ဒအတိုင်း လွတ်လပ် စွာဆုံးဖြတ်ခွင့်ရှိ သော်လည်း ပါတီတံဆိပ် ရင်ထိုးတပ်၍လည်းကောင်း၊ ပါတီအလံကိုင်ဆောင်၍ လည်းကောင်း ကြိုဆိုခြင်းမပြုရန်  ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

‘‘ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို  ထောက်ခံ တယ်။ NLDပါတီဝင်အနေနဲ့ မ ဟုတ်ဘူး။နိုင်ငံသား တစ်ယောက် အနေနဲ့ ကျွန်တော်တို့နောက်မျိုး ဆက်တွေပညာရေးမနိမ့်ကျသွား စေချင်လို့’’ဟု ဧရာဝတီ တိုင်းဒေသကြီးကန်ကြီးထောင့်မြို့နယ်NLD ပါတီလူငယ် ကိုစည်သူကပြောသည်။

ရန်ကုန်မြို့သို့ ချီတက်လာ သော ကျောင်းသားသပိတ်အား ထောက်ခံသူများ၊ ကြိုဆိုသူများထဲတွင် အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်သာမက ပြည်ခိုင်ဖြိုးပါတီဝင်အချို့နှင့် မြို့မိမြို့ဖများပါ ပါ ၀င်ကြသည်။ အထူးသဖြင့် သပိတ် စစ်ကြောင်းများအားငွေကြေးလှူ ဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီဝင် များနှင့် ရပ်မိရပ်ဖ၊ မြို့မိမြို့ဖများ ပါဝင်နေသည်။

‘‘နယ်တွေမှာ သပိတ်ကိုကြို ဆိုတဲ့အခါ ရဲတွေလည်းပါတာပါ ပဲ။ ကျောင်းဆရာတွေလည်းပါ တာပါ ပဲ။ ကျောင်းကုန်းရဲစခန်းက ဆို ပိုက်ဆံ ၁၈,၀၀၀တောင်လှူ လိုက်သေးတယ်’’ဟု နိုင်ငံရေး တက်ကြွလှုပ်ရှား သူကိုမိုးသွေးက ဆိုသည်။

ထိုသူများက ကျောင်းသားသပိတ်စစ်ကြောင်းများအားထောက်ခံခြင်း၊ ကြိုဆိုခြင်း၊ ငွေကြေးလှူဒါန်းခြင်းများ ရှိသော်လည်းဟောပြောပွဲများတွင် ၀င်ရောက်ဟောပြောခြင်းများမရှိပေ။ သို့သော်အချို့သော ပါတီ ၀င်ဟောင်းများနှင့် ကွန်မြူနစ်ပါတီဝင်ဟောင်းများမှာမူ အချို့နေရာများတွင်ဝင်ရောက်ဟောပြောခြင်းများ၊ အကြံဉာဏ်ပေးခြင်းများရှိသည်။

 ကျောင်းသားသပိတ်စစ် ကြောင်းများအားခေါင်းဆောင် သော ကျောင်းသားအချို့ဟော သောမိန့်ခွန်းများကိုကြည့်ခြင်း အားဖြင့်  နိုင်ငံရေးအသွေးအ ရောင်ပါနေသည်ကို   လေ့လာ တွေ့ရှိရသည်။   အထူးသဖြင့် မန္တလေးမှ ရန်ကုန်သို့ ချီတက်လာ သောပင်မစစ်ကြောင်းတွင်ပါဝင် သည့် ကျောင်းသားခေါင်းဆောင် အချို့၏ လူထု ကိုပြောဆိုသော မိန့်ခွန်းများ၌  ပညာရေးဥပဒေ ထက် နိုင်ငံရေးဆန်သောစကား များပြောဆိုသည်ဟု အစိုးရ တာဝန်ရှိသူများက သုံးသပ်သည်။

‘‘ကျွန်တော်တို့လိုချင်တာက ဒီမိုကရေစီပညာရေးပါ။ ကျွန် တော်တို့က ဒီမိုကရေစီပညာရေး ကို တောင်းနေ တာပါ။(၁၁)ချက် တောင်းပါတယ်။ ညှိနှိုင်းဖို့ကို လည်းတောင်းဆိုတာပါ။ ဒါပေမဲ့ ပြဿနာကိုမကိုင်တွယ်ဘဲနဲ့ ကျွန် တော်တို့ကို နိုင်ငံရေးအဖွဲ့အစည်း တွေက နောက်ကွယ်ကကြိုးကိုင်  ပါတယ်ဆိုတဲ့ခေတ်အဆက်ဆက် အာဏာရှင်အစိုးရတွေလုပ်နည်း လုပ်ဟန်အတိုင်းကျင့်သုံးနေ တယ်။ ကျွန်တော်တို့နောက်မှာ ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှမရှိ ဘူး။ပြတ်ပြတ်သားသား ငြင်းဆို ပါတယ်’’ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကို မင်းသွေးသစ်ကပြောသည်။

 ကျောင်းသားသပိတ်စစ် ကြောင်းပေါ်ပေါက်လာပုံကို ပြန် ကြည့်ပါက စက်တင်ဘာ ၃၁ရက် က ပြည်ထောင်စုလွှတ်တော်တွင်  အတည်ပြုခဲ့သည့် အမျိုးသားပ ညာရေးဥပဒေကို ဆန့်ကျင်ကန့် ကွက်သည့်အနေဖြင့် ကျောင်းသ မဂ္ဂများမှ တက္ကသိုလ်ကျောင်းသားလေးရာကျော်စုပေါင်း၍ ၂၀၁၄ နို ၀င်ဘာ၁၄ရက်မှစကာရန်ကုန်မြို့တွင်းလေးရက်ဆက်လှည့်လည် သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။ ကျောင်း သားများတောင်းဆိုခဲ့သည့်(၁၁)ချက်မှာလည်း ပညာရေးနှင့်ဆိုင်သော အချက်များသာဖြစ်သည်။

ထို့နောက်အစိုးရတာဝန်ရှိ သူများနှင့် တွေ့ဆုံညှိနှိုင်းရန်ရက် ပေါင်း၆၀ရာဇသံပေး၍ သပိတ်မှောက်ကျောင်း သားများက သပိတ်ကို ခေတ္တရပ်ဆိုင်းခဲ့သည်။သို့သော်အစိုးရအနေဖြင့် ရက်ပေါင်း ၆၀ ပြည့်သည့်တိုင်တွေ့ ဆုံဆွေးနွေး ညှိနှိုင်းပေးခဲ့ခြင်းမရှိပေ။

7Day News Journal

No comments:

Post a Comment

My Blog List