Tuesday, February 10, 2015

သပိတ်မှောက်ကျောင်းသားများကို အကြမ်းဖက်မဖြိုခွင်းရန် ရဲချုပ်ရုံးညွှန်ကြား


ခရီးရှည်လမ်းလျှောက်ချီတက်နေသော သပိတ်မှောက် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းခြင်း မပြုလုပ် ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးမှ ညွှန်ကြားချက် ထုတ်ထားကြောင်း သတင်းရရှိသည်။ ‘‘အကြမ်းဖက် ပြီးတော့ မလုပ်ဖို့၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ဒါတွေပါပဲ။ အကြမ်းမဖက်ဖို့ရာ ထုတ်ပြန်ထား ပါတယ်။ 


အကြမ်းဖက်တားဆီးမယ် ဆိုတာ ပြောဖို့ နည်းနည်းခက်တယ်။ တိုင်းပြည် နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို မထိခိုက်သရွေ့တော့ မဖြစ်သေး ပါဘူး။ ပြောဆိုစည်းရုံးနားလည်အောင်ပဲလုပ်မှာပါ’’ ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေပြည်တော်မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ဇော်မင်းဦးက 7Day Dailyအား ပြော ကြားသည်။

ဖေဖော်ဝါရီ ၉ ရက်က ယုန်ဖြူတောင်တွင် သပိတ်မှောက် ကျောင်းသားများကို တားဆီးရန် လုံခြုံရေးဆောင် ရွက်ရာတွင် ရဲတပ်သားများသည် ဒိုင်းများ၊ တုတ်များကိုင်ဆောင်ထားသည်ကို မတွေ့ရဘဲ သံဆူးကြိုးများ ချထားသည့် နေရာနှင့် ခပ်လှမ်းလှမ်းတွင်သာ လုံခြုံရေးယူထားခြင်းကို တွေ့ရသည်။

‘‘သပိတ်မှောက် ကျောင်းသားတွေကို အကြမ်းဖက်ပြီး မဖြို ခွင်းဖို့ ရဲချုပ်ရုံးက စာထုတ်ထားတယ်။ လုံခြုံရေးယူ တာတောင်မှ သာမန်ရဲဝတ်စုံနဲ့ပဲ ယူခိုင်းထားတယ်။ ဒိုင်းတွေတောင် မကိုင်ခိုင်းဘူး’’ဟု မြန်မာနိုင်ငံ ရဲတပ် ဖွဲ့နေပြည်တော်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရန် ကန့်ကွက်သပိတ်မှောက်နေသော ပင်မသပိတ်မှောက်ကျောင်း သားများ၊ ပခုက္ကူသပိတ်မှောက်ကျောင်းသားများ၊ ဧရာဝတီ သပိတ်မှောက်ကျောင်းသားများ၊  ထားဝယ် သပိတ်မှောက်ကျောင်းသား များ၊ မုံရွာ၊ မွန်၊ ရခိုင်သပိတ်မှောက် ကျောင်းသားများသည် ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်လာနေပြီ ဖြစ်သည်။

ထိုသပိတ်မှောက်ကျောင်းသားများသည် ရန်ကုန်မြို့တွင် စုပေါင်း၍ သပိတ်တိုက် ပွဲကြီး ဆင်နွှဲသွားမည် ဟု ပြောဆိုထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List