Tuesday, February 10, 2015

ကျောင်းသားသပိတ် ထောက်ခံမှု လက်မှတ်များ လိုက်လံစုဆောင်း

ရန်ကုန်မြို့ကို ဆန္ဒပြချီတက်လာတဲ့ အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ကျောင်းသားတွေကို ထောက် ခံကြောင်း လက်မှတ်တွေကို မန္တလေး ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်စတဲ့ တိုင်းဒေသကြီးတချို့မှာ ကျောင်းသား အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ကောက်ခံနေကြပါတယ်။
အဖြူရောင်တွဲလက်များ၊ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ Generation Wave၊ ရန်ကုန်လူငယ် ကွန်ရက် စတဲ့ လူမှုအဖွဲ့အစည်း ၈ ဖွဲ့ကလက်မှတ်တွေကောက်ခံနေကြတာပါ။ လောလောဆယ်မန္တလေးမြို့ မှာ ကောက်ယူ ရရှိထားတဲ့ လက်မှတ် တစ်သောင်းနီးပါးကို ဒီလ ၁၂ ရက်နေ့မှာ ပင်မသပိတ် လမ်းကြောင်း က ကျောင်းသားကျောင်းသူတွေဆီ ပေးပို့မယ်လို့လက်မှတ်ကောက်ခံရာမှာ ပါဝင်တဲ့ မန္တလေးမြို့ခံ ဦးအေး သိန်းက ပြောပါတယ်။

"ကျနော်တို့က ၁၂ ရက်နေ့လောက်မှာ ကျောင်းသားတွေဆီကို တခါသွားပို့မယ်၊ ပင်မလှုပ်ရှားတဲ့ ကျောင်း သားတွေပေါ့လေ၊ ဒါကကျနော်တို့က ဘယ်ကျောင်းသား ကိုမှ မခွဲခြားပါဘူး၊ အားလုံးကအတူတူပါပဲ၊ အား လုံးကို ကျနော်တို့က ထောက် ခံအားပေးတာပါ၊ ကျနော်တို့က သပိတ်တိုက်ပွဲကြီး မပြီးမချင်း ပြည်သူလူထု က ထောက် ခံနေတယ်ဆိုတာကို အစိုးရရော နိုင်ငံတကာရောသိအောင် ကျနော်တို့က ဆက်တိုက် လိုက်ကောက်နေမှာပါပဲ"

အဲဒီ့အဖွဲ့ဝင်တွေနဲ့ အကြမ်းမဖက် တရားမျှတမှုပေါ်ပေါက်ရေး လှုပ်ရှားမှုကော်မတီကို ဖွဲ့စည်းထား ပြီး ကောက်ခံရရှိတဲ့ လက်မှတ်တွေကို အဲဒီကော်မတီ က နိုင်ငံတော်သမ္မတထံ ပေးပို့မှာဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List