Tuesday, February 10, 2015

ဘာသာရေးခွဲခြားမှု အထူးစိုးရိမ်ရသည့် နိုင်ငံစာရင်းမှ ပယ်ဖျက်နိုင်ရန် အမေရိကန် အပါအ၀င် အခြားနိုင်ငံများနှင့် ဆွေးနွေးပွဲများ ပြုလုပ်မည်

 
မြန်မာနိုင်ငံအား ဘာသာရေးခွဲခြားဆက်ဆံမှုအထူးစိုးရိမ်ရသောနိုင်ငံများ စာရင်းမှ ပယ်ဖျက်နိုင်ရန် အမေရိ ကန် အပါအ၀င် အခြားနိုင်ငံများနှင့် ဘာသာရေးလွတ်လပ်ခွင့်ရှိမှုအပါအ၀င် လူ့အခွင့်အရေးဆွေးနွေး ပွဲများ ဆောင်ရွက်ကာ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးတင်ဦး လွင်ကဆိုသည်။
‘‘လူ့အခွင့်အရေးကာကွယ်  မြှင့်တင်ရေးပွဲတွေ ဆောင်ရွက် ခြင်းကလည်း မြန်မာနိုင်ငံရဲ့ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ပက တိအခြေအနေများကို အမေရိ ကန်အစိုးရနဲ့ ကွန်ကရက်တို့အား အသိပေးနိုင်မှာဖြစ်ပါ တယ်’’ဟု ဦး တင်ဦးလွင်ကဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး မဲ ဆန္ဒနယ်အမှတ်(၆)မှ အမျိုးသား လွှတ်တော်ကိုယ် စားလှယ်ဦးခင် မောင်ရီက အခြေခံဥပဒေပါဘာ သာရေးလွတ်လပ်ခွင့်အပြည့် အ၀ရှိသည့် မြန်မာနိုင်ငံကို ဘာသာ ရေးခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုကိစ္စ ရပ်တွင် အထူးစိုးရိမ်ရသောနိုင်ငံ များစာရင်းမှ ပယ်ဖျက်နိုင်ရန်ပြည် ထောင်စုအစိုးရ အနေဖြင့် မည်သို့ ဆောင်ရွက်သွားမည်ကို သိရှိလို ခြင်းမေးခွန်းနှင့်ပတ်သက်၍ နိုင်ငံ ခြားရေး ဒုဝန်ကြီးက ဖြေကြား ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ အထူးစိုးရိမ်ရသော နိုင်ငံများစာရင်းမှ ပယ်ဖျက်နိုင်ရန် အမေရိကန်နိုင်ငံ ကွန်ကရက်နှင့် အစိုးရတို့၏ သဘောထားအပေါ်  မူတည်နေသည်ဟု ဦးတင်ဦးလွင် ကဆိုသည်။

မြန်မာနိုင်ငံတွင် ဘာသာရေး ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုကိစ္စများ ရှိလာပါက သာသနာရေးဝန်ကြီး ဌာနနှင့် ပြည် ထဲရေးဝန်ကြီးဌာန တို့က ဦးဆောင်ဖြေ ရှင်းပေးလျက် ရှိပြီး ဘာသာပေါင်းစုံချစ်ကြည်ညီ ညွတ်ရေး အဖွဲ့ ကိုလည်း ဖွဲ့စည်း ထားကာ တွေ့ဆုံညှိနှိုင်းလျက်ရှိ ကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံအစိုးရ သတ်မှတ်ချက်များသာမကလွတ် လပ်စွာကိုး ကွယ်ခွင့်နှင့်အတူ မ ကျေနပ်မှု များရှိလာပါက မြန်မာ နိုင်ငံလူ့အခွင့်အရေးကော် မရှင် ထံသို့ တိုင်ကြားနိုင်ပြီး ဖြေရှင်းပေး လျက်ရှိကြောင်း ဦးတင်ဦးလွင်က ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ်မှ စတင်၍ ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက် ပြီး အထူးစိုးရိမ်ရသော နိုင် ငံအဖြစ် သတ်မှတ်ခံရ ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ အပါအ၀င် အထူးစိုးရိမ် ရသော နိုင်ငံများအဖြစ် တရုတ်၊ အိရစ်ထ ရီးယား၊ အီရန်၊ မြောက်ကိုရီးယား ၊ဆော်ဒီအာရေးဗီးယား၊ ဆူဒန် နှင့်ဥဇဘက်ကစ္စတန်တို့ကို သတ် မှတ်ထားကြောင်းသိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List