Wednesday, February 11, 2015

မလေးရှားရောက် မြန်မာလုပ်သားများ နိုင်ငံသားဖြစ်မှုကို အမြန်ဆုံး စစ်ဆေးပေး ရန် လုပ်သားအရေးကူညီသူများနှင့် လုပ်သားများ တိုက်တွန်း


မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာ လုပ်သားများကို မြန်မာနိုင်ငံသားဖြစ် ကြောင်း ပြန်လည် စစ်ဆေးခြင်း အချိန်ကြာမြင့်နေခြင်းကို အချိန်ကာလ လျှော့ကာ အမြန်ဆုံး လုပ်ဆောင်ပေး ရေး မလေးရှား ရှိ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်သည့် အဖွဲ့အစည်းအချို့နှင့် မလေးရှားရောက် မြန်မာ လုပ်သားအသိုင်းအဝိုင်းမှ တိုက်တွန်းပြောဆိုလိုက်သည်။
မလေးရှားသို့ တရားမဝင် ဝင် ရောက်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် ဒုက္ခပေါင်းစုံ၊ အခက်အခဲပေါင်းစုံ ဖြင့် ပြစ်ဒဏ်များကျခံရပြီးသော် လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားစိစစ်မှု ကြာမြင့်နေသည့်အတွက် ကမ့်(တ ရားမဝင်နိုင်ငံခြားသားများ ထိန်းသိမ်း ရာနေရာ)များတွင် ထပ်မံကာ တစ်နှစ် နီးပါးခန့် နိုင်ငံသားစိစစ်စဉ်အတွင်း ထိန်းသိမ်းခံရမှု များကြောင့် ထိုသို့ တိုက် တွန်းရခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ပီနန်မြို့တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ဦးသန့်ဇင်က ''အထောက်အ ထား လုပ်ပေးနေတာက မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း တောင်းတယ်၊ ကျွန်တော်တို့မှာ အလုပ် ရှင်တွေ ကြောင့်၊ ပွဲစားတွေကြောင့် အထောက် အထားနဲ့တူတာ ဘာမှမရှိဘူး၊ သံရုံး ကဘာမှမရှိရင် နိုင်ငံသားပြန်စစ်တယ်၊ စစ်နေတုန်း၊ ဖမ်းတာနဲ့တိုးရင် အဖမ်း ခံရရော၊ ပြီးတော့ ထောင်ကျတယ်။ ထောင်က လွတ်တာနဲ့ ချက်ချင်းနိုင်ငံ သားလာမစစ်ဘူး။ အဲ့ဒီတော့ လာ မစစ်ဘဲ ကြာတဲ့အချိန်၊ စစ်နေတုန်း ကြာချိန် ရယ်ဆို ထောင်ကလွတ်တာ တောင် နောက်တစ်နှစ်လောက် စောင့် ရတယ်''ဟု ပြောသည်။

ထို့ကြောင့် အထောက်အထား ပြုလုပ်ပေးရာတွင် တောင်းခံသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများကို တတ်နိုင်သလောက် ဖြေလျှော့ ပေး ရန်၊ နိုင်ငံသားစိစစ်ခြင်းကို အ ချိန်တိုနှင့် အမြန်ဆုံးလုပ်ဆောင်ပေး ရန်တို့ကို တိုက်တွန်းပြောဆိုရခြင်းဖြစ် ကြောင်း ဦးသန့်ဇင်က ဆိုသည်။

ကပုန်း လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ''ဖမ်းနေတာ တော့ အမြဲကွက်ကျားဖမ်းနေတာပဲ၊ ဖမ်းတိုင်းလဲ တရားမဝင် မြန်မာမိလေ့ ရှိတယ်။ အခုထောင်တွေထဲမှာရော၊ ကမ့်တွေထဲမှာရော မြန်မာတွေ ရှိနေတယ်။ ထောင်ရော၊ ကမ့်ရောနှစ်ခု စလုံးမှ ပြစ်ဒဏ်ခံနေရသလိုဖြစ်နေ တယ်'' ဟု ပြောသည်။

မလေးရှားနိုင်ငံရှိ တရားမဝင် နိုင်ငံခြားသားထိန်းသိမ်းရေး စခန်းများတွင် ကူးစက်ရောဂါပေါင်းစုံ ဖြစ် ပွားလေ့ရှိသည့်အပြင် အစားအ သောက်များ ဝလင်အောင် မကျွေး ခြင်းများ၊ မြန်မာနိုင်ငံသားများကို ခွဲ ခြားဆက်ဆံခြင်း များကို ခံနေကြရ ပြီး ဒုက္ခပေါင်းစုံ ကြုံတွေ့ရကြောင်းလည်း ပြန်လည် လွတ်မြောက်လာ သူများထံမှ သိရသည်။

မလေးရှားတွင် တရားမဝင် နိုင် ငံခြားသားဖမ်းဆီးရေးကို စစ်ဆင် ရေးတစ်ခု အနေဖြင့် ဖမ်းဆီးလျက်ရှိ ပြီး တရားမဝင် နိုင်ငံခြားသားများ ဖမ်းမိပါက မလေးရှားနိုင်ငံအတွင်း တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှု နှင့် နိုင်ငံအတွင်း တရားမဝင်နေထိုင် မှုတို့ဖြင့် ထောင်ဒဏ်သုံးလမှ တစ်နှစ် အထိ ချမှတ်လေ့ရှိကြောင်း၊ ထောင် ဒဏ်များကျခံပြီးပါက မလေးရှားနိုင်ငံရှိ တရားမဝင်နိုင်ငံခြားသား ထိန်း သိမ်းရေးစခန်း (မလေးရှားအခေါ်- ကမ့်)များတွင် သက်ဆိုင်ရာနိုင်ငံမှ လာမခေါ်မီ ထိန်းသိမ်းခံကြရကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသား များထံမှ သိရသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီ ၁၁ရက် တွင်လည်း တရားမဝင်များကို စစ် ဆေးရန်အတွက် နိုင်ငံခြားသား ရွှေ့ ပြောင်း အလုပ်သမားများ အများဆုံး သွားလာလေ့ရှိ သည့် နေရာများတွင် ဖမ်းဆီးခဲ့ပြီး နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမား ၇၀ဝခန့် ဖမ်းဆီးစစ် ဆေးခံခဲ့ရကာ အထောက်အထား မပြနိုင်သူ ၂၀ဝကျော်ကို ဖမ်းဆီး အ ရေးယူခဲ့ရာ အဆိုပါ ၂၀ဝကျော်တွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ် သား ၆ဝကျော်ပါဝင်ကြောင်း မလေး ရှားနိုင်ငံထုတ် The Star သတင်းစာ မှ သိရသည်။

ZCH
#Democracytoday

No comments:

Post a Comment

My Blog List