Wednesday, February 11, 2015

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်တွေ့ဆုံခြင်း


ပြည်ထောင်စုလွှတ်တော်မှ ယာယီ  သက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို ပြည် လုံး ကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုလိုက်ခြင်း ကြောင့် ရခိုင်ပြည်နယ်အပါအ၀င် ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ် ခဲ့သည်။  မဲပေးခွင့်ပြုခြင်းကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ပွဲများကို ရခိုင်ပြည်နယ် တွင် ဖေ ဖော်ဝါရီ ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့၌ လည်း ရဟန်းသံဃာများ ဦးဆောင်ပြု လုပ်သွားရန် စီစဉ်ထားသည်။
ယာယီသက်သေခံလက် မှတ်မဲပေးခွင့်ပြုခဲ့ခြင်းအပါအ၀င် ရခိုင်ပြည်နယ် အခြေအနေများနှင့်  ပတ်သက်၍ 7Day Daily က ရခိုင် ပြည်နယ်ဝန်ကြီးချုပ်  ဦးမောင် မောင်အုန်းနှင့် ဆက်သွယ်မေး မြန်းထားသည် များ ကို ကောက် နုတ်ဖော်ပြလိုက်ပါသည်။

ပြည်ထောင်စုလွှတ်တော်က ယာ ယီသက်သေခံကတ်ပြား (White Card) ကိုင်ဆောင်သူတွေကို မဲ ပေး ခွင့်ပြုလိုက်တဲ့အပေါ်   ရခိုင် ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ ဘာများမှတ်ချက်ပေးချင် ပါသလဲ။

အဲဒီကိစ္စကတော့ ယနေ့ ရခိုင်ပြည်နယ် လူထုတစ်ရပ်လုံး က မခံမရပ်နိုင်ဖြစ်နေတာပေါ့ နော်။ ရခိုင်ပြည် သူတွေရဲ့ ခံစား ချက်က မှန်တယ်လို့တော့ ပြောရ မှာပေါ့။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်ဆိုတာ ကလည်း ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တင်မြောက်ထားတဲ့ အဖွဲ့ အစည်းဆိုတော့ အဲဒီ က ပြောတဲ့ အပေါ်မှာ ၀န်ကြီးချုပ်တစ် ယောက်အနေနဲ့ ပြောစရာမရှိဘူး လို့ပဲပြောရမှာပေါ့။ သို့သော် လည်းကိုယ် ဟိုတစ်ခါမဇ္ဈိမနဲ့ ဗျူး တုန်းက စကားလေးတစ်ခွန်းပြော လိုက်တာကို တချို့လည်း နည်း နည်းနား လည်မှုလွဲနေတယ်လို့ သိရတယ်။ အဲဒီတော့ ပြည်ထောင်စုလွှတ်တော်က လုပ်တာဆိုတော့ ၀န်ကြီးချုပ် တစ်ယောက်အနေနဲ့ ပြောပိုင်ခွင့်တော့မရှိဘူး။ ဒါလည်းပြည်သူ့ဆန္ဒဆိုတော့ ကိုယ့်အနေနဲ့တခြားပြောစရာ အကြောင်းမရှိ ဘူး။ ယနေ့ပြည်သူ့ဆန္ဒအမှန်က လည်း မြေပြင်မှာ ဖြစ်တာအမှန် ပဲလေ။ ဒီရခိုင်တိုင်းရင်း သားတွေ ခံစားနေရတာတွေ ရန်ကုန်တို့၊ မန္တလေးတို့မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ခံစားနေရတာတွေ ဒါပြည်သူ့ဆန္ဒအမှန်ပဲ။ အကုန်လုံးက ပြည်သူ့ဆန္ဒဆိုတာတော့ လွှတ် တော်   ကိုယ်စားလှယ်ကြီးများ သည်လည်း ပြည်သူက ရွေးချယ် တင်မြှောက်ထားတာမို့ ဒါလုပ် ငန်းသဘောအရ ပြည်သူက တင် ပြတဲ့ သဘောမျိုးလို့ပဲ လွှတ်တော် ရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားတဲ့ အနေနဲ့ ပြောဆိုထားခြင်း ဖြစ် ပါတယ်။

အခုလိုမျိုးမြေပြင် မှာ တကယ့်ပြည်သူတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူးဆိုရင်လည်း ကိုယ် တို့တွေက ပြန်လည် တင်ပြရမှာ ပေါ့။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ပြောရရင် တော့ ရခိုင်တိုင်းရင်းသားတွေ အားလုံးရဲ့ အကျိုးစီးပွားအတွက် ကိုယ့်မှာ တာဝန်ရှိပါတယ်။ နိုင်ငံ တော်က ချမှတ်ထားတဲ့ မူဝါဒတွေ ဘောင် အတွင်းကနေ တိုင်းရင်း သားတွေရဲ့ ဆန္ဒကို အကောင်းဆုံး ဆောင်ရွက်ရမှာပေါ့။ ဒီနေ့ ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့လည်း တကယ့်ပြည်သူလူထုက တောင်း ဆိုလာပြီဆိုရင်လည်း အကြောင်း အကျိုးကို သုံးသပ် ပြီးတော့ အဆင့်ဆင့်တော့ ကိုယ်တို့တင်ပြ ဆောင်ရွက်သွားရမှာပေါ့။ ၀ှိုက် ကတ်အနေအထားကို ပြောလို့ရှိ ရင်တော့ ဥပဒေကို ပြင်မှရမှာဖြစ် တဲ့အတွက် ထဲထဲဝင်ဝင်မဆွေး နွေးလိုပါဘူး။ ကိုယ်က ၀န်ကြီး ချုပ် တစ်ယောက်ဖြစ်တဲ့အတွက်၊ ပြည်နယ်အဆင့်ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ ပြောပိုင်ခွင့်မရှိပါ ဘူး။ သို့သော် လည်း ကိုယ်တို့ ယနေ့ဆောင်ရွက်နေတဲ့ လုပ်ငန်း များသည် ဘာပဲပြောပြောပြည် နယ်အစိုးရအနေ နဲ့ နိုင် ငံတော်ရဲ့ မူဝါဒ၊ နိုင်ငံတကာရဲ့ အလေ့အထတွေ ဒါတွေနဲ့ ဥပဒေတွေ၊ လွှတ် တော်တွေနဲ့ ပေါင်းစည်းဆောင် ရွက်ရတာဖြစ်တဲ့အတွက် ကိုယ့် သဘောနဲ့ကိုယ်  ပြောချင်တိုင်း ပြော၊ လုပ်ချင်တိုင်းလုပ်လို့မရဘူး။ ဘာ ပဲပြောပြော People Center ပေါ့။ ပြည်သူကို ဗဟိုပြု တဲ့ စနစ်ဖြစ်လို့ ပြည်သူ့ဆန္ဒကို အလေးထားပြီး ပြဿနာကို ကိုင် တွယ်ဖြေရှင်းရမှာပေါ့။ ကိုယ်လည်း ဒီအတိုင်းပဲ သမာသမတ် ကျကျနဲ့ တိုင်းရင်းသားတွေဘက် က ရပ် တည်ပြီး ဒါကို ဖြေရှင်းသွားမယ့် အနေအထားတော့ရှိပါတယ်။ ပြည်သူ့ဆန္ဒလို့ ကိုယ်ပြောခဲ့တဲ့စကားသည် လည်း လွှတ်တော် ကိုယ်စားလှယ်များရဲ့ လေးနက်မှု ကို လုပ်ငန်းသဘောအရ ဖော် ကျူးခြင်းသာ   ဖြစ်ပါ တယ်။ တကယ့်ဆန္ဒအမှန်က မြေပြင်မှာ ဖြစ်တာတွေက တကယ့်ပြည်သူ့ ဆန္ဒဖြစ်တဲ့အတွက် ကိုယ်ထင်ပါ တယ်။ သက်ဆိုင်ရာနိုင်ငံတော်တို့ လွှတ်တော်ပိုင်းတို့က ပြန်သုံးသပ် သွားမယ်လို့တော့ ကိုယ်မြင်ပါ တယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တစ် ယောက်အနေနဲ့ ဖွဲ့စည်းပုံဥပဒေ မှာလည်း လုပ်ပိုင်ခွင့်ပါတော့ ၀ှိုက်ကတ်နဲ့ ပတ်သက်ပြီး မဲပေး ခွင့်ပြုခဲ့တာကို ဘယ်လိုဆက် ဆောင်ရွက်ဖို့ရှိပါလဲ။

ဒါကတော့ ထဲထဲဝင်ဝင် ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံပြည် လုံးကျွတ်  ဆန္ဒခံယူပွဲတုန်းက လည်းပါထားခွင့်ရ တာတော့ရှိ တာပေါ့။ ဥပဒေမှာ မဲပေးနိုင်ခွင့်ရှိ တယ်ဆိုတာကြီးက တစ်ခါတည်း ပါထားတာရှိတယ်။ ပြီးတော့ လွှတ်တော်ရဲ့ ရွေးကောက်ပွဲဥပဒေ တွေမှာလည်း  အဲဒီလိုမျိုးပါထား တာရှိပါတယ်။ ဆိုလိုတဲ့ သဘော က ယနေ့မပါသင့်ဘူးဆိုရင်လည်း ဥပဒေကို ပြင်ရမှာပေါ့။ တချို့ လည်း ဆန္ဒစောပြီးတော့မှ ပြော ဆိုတာတွေ လည်းရှိတော့ လုပ်ရ တာ နည်းနည်းတော့ ခက်တာပေါ့။အားလုံးခြုံပြောရရင် ဒီနေ့ဒီမိုက ရေစီအသွင်ပြောင်း တာကလည်း  လေးနှစ်သားပဲ ရှိသေးတယ်။ ပြောင်းလဲတဲ့အခါမှာလည်း သိတဲ့အ တိုင်းပါပဲ။ အားသာ ချက်တွေ ရှိတယ်။  အားနည်းချက်တွေ ရှိ တယ်။ အရင်တုန်းက လုပ်ပြီးသားကို မဟုတ်ဘဲ စလုပ်ရတာဖြစ်လို့ အားသာချက်၊ အားနည်းချက်တွေ ကတော့ အများကြီးရှိတာပေါ့။ အားသာချက်ဆိုလည်း ဆက်ယူ ပြီးတော့ အားနည်းချက်တွေကို ဒီလိုပဲ လွှတ်တော်က ပြင်တော့ ပြင်နေကြတယ်ပေါ့ဆိုတော့ ဒါ လည်း အများဆန္ဒနဲ့ အညီ လွှတ် တော်မှာ ပြန်ပြင်ရင်လည်း အ ဆင်ပြေသွားနိုင်ပါတယ်။ သဘောကတော့ ချက်ချင်းဥပဒေကို ဆန့်ကျင်မယ်ဆိုရင်လည်း မှားသလားဆိုတော့ ပြည်သူတွေ မမှားပါ ဘူး။ သို့သော်လည်း ဥပဒေဆိုတဲ့ ဟာကတော့ ဥပဒေကို ပြင်မှပဲ အဆင်ပြေသွားမှာဆိုတော့ ရည်ရွယ်ချက်က ဥပဒေပြင်ဖို့ ဒီလိုမျိုး ပူးပေါင်း ညှိနှိုင်း အဖြေရှာသင့် တယ်လို့ ဒီလိုပဲ ကိုယ်ကတော့ မြင်ပါတယ်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရစိစစ်နေတာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပဲ ဆက်ဆောင်ရွက် သွားတော့မယ်။ ရခိုင်ပြည်နယ် တစ်ခုတည်း မဟုတ်တော့ဘူးလို့ လ၀ကက ပြောထားပါတယ်။ရခိုင်မှာ ဘယ်လိုပုံစံနဲ့ ဆက် ဆောင်ရွက်ဖို့ ရှိပါသလဲ။

မှန်တယ်။ မနှစ်က မြေပုံ မှာ Pilot Project လုပ်တယ်။ လုပ် တဲ့အခါကျတော့ တိုင်းရင်းသား တွေရဲ့ ခံစားချက် နဲ့အတူ မြေပုံ တစ်ခုတည်း ကွက်လုပ်တယ်ဆို တော့ တချို့လည်း ကန့်ကွက်တာ တွေ ရှိခဲ့တာပေါ့။ ဒီနှစ် မှာတော့ တစ်နိုင်ငံလုံးကို Pilot Project မကတော့ဘဲနဲ့ Verification ကို တစ်နိုင်ငံလုံး   အတိုင်းအတာနဲ့ သွားဖို့ လုပ်ထားတယ်။ တိုင်းရင်း သားတွေက တချို့အမျိုးမျိုး မြင် ကြတာ ရှိတယ်။ 

တချို့ကလည်း မြန်မြန်ဆန်ဆန်ပဲ ဒါကို Pilot Project တွေ လုပ်ပြီး ကောက်စေ ချင်တဲ့ ဆန္ဒရှိကြတယ်။ တချို့ကျ  သေချာစိစစ်ပြီးမှ ပေးသင့်ပေး ထိုက်တဲ့လူကိုပဲ ပေးလို့ရအောင် အလွယ်တကူ အချိန်တိုအတွင်း မှာ မဟုတ်ဘဲနဲ့ ဒီလိုမျိုး ဆန္ဒတွေ ရှိကြတာပါ။ ဒီတော့ ဘယ်နည်း လမ်းက ကောင်းလဲ စဉ်းစားတဲ့ အခါ ကျတော့ ပေးသင့်ပေးထိုက်တဲ့သူကို ပေးရမယ်ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့အညီ ကိုယ်တို့ ကပေးမယ်။ အခုလည်း လ၀က ၀န်ကြီးဌာနက ကျောက်ဖြူတို့၊ ရမ်းဗြဲတို့ ကျန်တဲ့နေရာတွေမှာလည်း စပြီးတော့ ကောက်နေပြီ။ ကောက်ပြီးလို့ရှိရင် သူတို့ဟာ သူတို့အပေါ်မှာ ဘုတ်အဖွဲ့နဲ့ သေချာစိစစ်ပြီးမှ သွားမှာပေါ့။ အခုဆိုရင် ကမန်လူမျိုးတွေကို   စစ်တဲ့ အခါမှာလည်း ပိုပြီးတော့တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ကို ရရှိအောင်ဆိုပြီးတော့ ကမန်

ပါတီက ကိုယ်စားလှယ်တစ် ယောက်ပါ ထပ်ဖြည့်ထားတယ်။ ကမန်ကို စစ်မယ်ဆို ရင်ပေါ့။ အဲဒီမှာဆိုရင် သက်ဆိုင်ရာ လ၀က တို့၊ မြို့နယ် အုပ်ချုပ်ရေးတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ စသဖြင့် အဆင့်ဆင့်ပုဂ္ဂိုလ်တွေ ပါသလို ရခိုင် Community က နှစ်ယောက်နဲ့ ဘင်္ဂါလီ Community က တစ်ယောက်ပါမယ်။ ပြီးရင်ကိုယ်တို့ ရဲ့ တိုင်းရင်းသား ကမန်ပါတီက ကိုယ်စားလှယ်တစ် ယောက် ထပ်ဖြည့်ပြီးတော့မှ အဲဒီထဲမှာ တစ်ယောက် သဘောမတူ ရင်တော့ ပြန်စစ်ရမယ်ပေါ့။ ဒီလိုမျိုးပွင့်ပွင့်လင်းလင်း တိတိကျကျနဲ့ စနစ်တကျ စီစဉ်ထားပါ သလဲ။

ရွေးကောက်ပွဲကာလမှာ ရခိုင် ပြည်နယ်မှာ အခြေအနေရှုပ်ထွေးတွေ ရှိလာနိုင်တယ်လို့ နိုင်ငံ တကာ အပါအ၀င် သုံးသပ်မှု ရှိပါတယ်။ ၀န်ကြီးချုပ်ဘယ်လို ထင် မြင်ယူဆပါတယ်။

ရခိုင်ပြည်နယ်ကတော့ ရွေး ကောက်ပွဲမဟုတ်ရင်လည်း ရှုပ် ထွေးတာပါပလြေ။ ဒါပေမဲ့လည်း အခုကာလက ပိုပြီးရှုပ်ထွေးတာ က အမှန်ပဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ ကိုယ်တို့ကတော့ အ ခက်အခဲတွေအားလုံး ပြဿ နာ တွေကို ကျော်ဖြတ်ကြရမှာပေါ့။ အဲတော့ ရခိုင်ပြည်နယ်ရဲ့ လက် ရှိအနေအထား အနာဂတ်အနေ အထား ကလည်း ပြဿနာတွေ အများကြီး ရှင်းကြရဦးမှာပါ။ ကိုယ်ကတော့ ရှင်းတဲ့အခါမှာ မိဘပြည်သူများကို လည်း မေတ္တာ ရပ်ခံထားပါတယ်။ ပြဿနာက တော့ ရှိဦးမှာ သေချာတဲ့အတွက် ဒါကိုလည်း နည်းလမ်းတကျ ပူး ပေါင်းညှိနှိုင်းဖြေရှင်းတာက တစ် ပိုင်းပေါ့။ အဲလို ဖြေရှင်းတဲ့အခါ မှာလည်း အမျိုးသားရေးစိတ် ဓာတ်ကို အမြင့်ဆုံးမှာထားပြီး တော့ လုပ်သင့်လုပ်ထိုက်တာတွေ ကို  ဘောင်အတွင်းက လုပ်ကြရ မှာပေါ့။

ဒါနဲ့ပတ်သက်ပြီး ပြည်သူ တွေကိုရော ဘာပြောချင်ပါလဲ။

တိုင်းရင်းသားများ ဖက်က လည်း လုပ်တဲ့ကိုင်တဲ့အခါ ဘောင်အတွင်းကလုပ်ရင် ပိုပြီးအောင်မြင်မှုတွေ ရနိုင်တာပေါ့။ မှန်ပေ မယ့်လည်း ဘောင်လွှတ်တဲ့အခါ သူ့အမှား၊ ကိုယ့်အမှား ဒီလိုကြုံ တွေ့တဲ့အခါ ဒီမတ်လ ၂၆ ၊ ၂၇ရက်မှာ ဖြစ်ခဲ့တာတွေဟာ ကိုယ်က မှန်ပေမယ့်လည်း မှားသလိုဖြစ်ခဲ့ရတယ်။ ဒါတွေ သင်ခန်းစာယူ ပြီးတော့မှ နောင်မဖြစ်အောင် လုပ်ရမှာပေါ့။ ဒါကြောင့်မို့ကိုယ့်အနေနဲ့က မိဘပြည်သူများကို မေတ္တာရပ်ခံ ချင်တာက ပြဿနာတွေကတော့ ကြုံရဦးမှာပါပဲ။ ကြုံတဲ့အခါမှာ ဒီပြဿနာတွေကို တည်ငြိမ်မှုကို မပျက်ပြားစေဘဲ အခုတိုးတက်မှုတွေကို မပျက်ပြား စေဘဲနဲ့ ဖြေရှင်းရမယ့် ကိစ္စက ဖြေရှင်းမှုက သက်သက် ဒီဖက်က ဖွံ့ဖြိုး တိုးတက်မှုက သက်သက် ဒီနှစ်ခုကို မရောစေချင်ဘူးနော်။ ဆန္ဒဖော်ထုတ်တာသည် ဒါ Rights ပါ ဒါပေမဲ့ ဆန္ဒဖော်ထုတ် တာက တည်ငြိမ်မှုကို ထိခိုက်မယ် ဆိုရင်တော့မကောင်းဘူးပေါ့။

ဘာမျာ ဖြည့်စွတ်ပြောကြားချင်ပါ လဲ။

ဖြည့်စွတ်ချင်တာ ဘာရှိလဲ ဆိုတော့ ယနေ့ ရခိုင်ပြည်နယ်မှာ တိုးတက်မှုတွေ ရှိတယ်လို့ တော့ပြောကြတယ်။ တိုးတက်မှု တွေ ရှိတာ သိရလို့ အများကြီး ၀မ်းသာပါတယ်။ နောက်တစ်ခု က ကိုယ်က ယနေ့တပ်မတော် သား ကိုယ်စားလှယ်အနေနဲ့ပဲ ဒါ တာဝန်ထမ်းဆောင်ပါတယ်။ ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံရေး သမားမှလည်း မဟုတ်ပါဘူး။ ယနေ့ကိုပင် ရခိုင် ပြည်သူတွေရဲ့ အနာဂတ်ဘ၀ကို တည်ငြိမ်အောင် ဖွံ့ဖြိုး တိုးတက် အောင် နိုင်ငံအတွက် လုပ်နေ တယ်လို့ပဲ မြင်စေချင်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာ ၀န် ကြီးချုပ်တစ်ယောက်အနေနဲ့ နိုင်ငံတော်ရဲ့ မူဘောင်အတွင်း ကနေ ရခိုင်ပြည်သူတွေ အကျိုးကို ဆောင် ရွက်နေပါတယ်။

ကျေးဇူးတင်ပါတယ်

7Day News Journal

No comments:

Post a Comment

My Blog List