Tuesday, February 10, 2015

ပင်မကျောင်းသားသပိတ်စစ်ကြောင်း တားဆီးမှုကြုံသော်လည်း လက်မခံဘဲ ဆက်လက်ချီတက်


ပင်မကျောင်းသားသပိတ် စစ်ကြောင်းသည် ယုန်ဖြူတောင်တွင် တားဆီးမေးမြန်းမှုကြုံသော်လည်းလက်မခံ ဘဲ ကျော်ဖြတ်ပြီး ဖေဖော်ဝါရီ ၉ ရက်က ပြည်မြို့သို့ ရောက်ရှိလာခဲ့သည်။ပြည်မြို့ရှိ တက္ကသိုလ်များမှ ကျောင်း သား၊ ကျောင်းသူ ၃၀၀ ကျော်နှင့် ပြည်မြို့ဒေသခံများ စုစု ပေါင်းတစ်ထောင်ကျော်သည် ယုန်ဖြူတောင်တွင် သပိတ်မှောက်ကျောင်းသားများ တားဆီးခံရမည်ကိုစိုးရိမ်သောကြောင့် ယုန်ဖြူတောင်အထိ လာရောက်ခေါ်ဆောင်ခဲ့ကြကြောင်း သတင်းရရှိ သည်။
မကွေးနှင့်ပဲခူးတိုင်းနယ်ကြားရှိ ယုန်ဖြူတောင်တွင် ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို တားဆီး ရန် ဖေဖော်ဝါရီ ၈ရက်ကတည်းက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များချထားခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်နံနက် တွင် ကျောင်းသားသပိတ်စစ် ကြောင်းသည် ကသစ်ကန်ကျေး ရွာမှ ပြည်မြို့သို့ ချီတက်လာခဲ့ သည်။ ပဲခူးတိုင်းအာဏာပိုင်များ သည် ကျောင်းသားသပိတ်စစ် ကြောင်းလာရောက်မည့် ယုန်ဖြူ တောင်တွင် လုံခြုံရေးများတိုးမြှင့် ချထားသည်။ ပဲခူးမြို့အထွေထွေအုပ်ချုပ်ရေးမှူးသည် ကျောင်း သားသပိတ်စစ်ကြောင်းကို တားဆီးရန် အရပ်ဝတ်လုံခြုံရေး ၂,၀၀ခန့် ခေါ် ယူပြီး နေ့လယ် ၁၂ နာရီတွင် လုံခြုံရေးတိုးမြှင့်ချထားခဲ့သည်။

ထိုအချိန်တွင် ပဲခူးတိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန် ကြီးဗိုလ်မှူးကြီး သက်ထွန်းကိုယ်တိုင် လာရောက် ကွပ်ကဲခဲ့သည်ကို တွေ့ရကြောင်း သပိတ်စစ် ကြောင်းနှင့်အတူ လိုက်ပါသတင်း ယူနေသော 7 Day သတင်း ထောက်ကသတင်းပေးပို့သည်။

ကျောင်းသားသပိတ်စစ် ကြောင်း ယုန်ဖြူတောင်သို့ရောက် လာချိန်တွင် ပြည်ခရိုင် အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးတင် အောင်ဝင်းက လမ်းကိုပိတ်၍ တားဆီး ရာ ကျောင်းသားများက လက်မခံဘဲ ကျော်ဖြတ်လာခဲ့ သည်။ ကျောင်းသားသပိတ် စစ် ကြောင်းသည် ယုန်ဖြူတောင်သို့ ရောက်လာချိန်၌ လမ်းလျှောက်ချီတက်ရာ တွင်ပါဝင်သူအင်အား ၂,၀၀၀ ကျော်ထိရှိသွားပြီး ပြည် မြို့သို့ချီတက်လာခဲ့ကြ သည်။

‘‘ပညာရေးဥပဒေမှာ ပြဋ္ဌာန်း ထားတဲ့အချက်သုံးချက်လောက်ကိုမကြိုက်ဘူး ။ ကျောင်းသားတွေ ဒီလို သပိတ်မှောက်တာကိုလက်ခံ တယ်။ အားပေးတယ်။ သူတို့ကို အခုတားဆီးမယ်လို့ပြောနေလို့ လာကြို ကြတာပါ။ ပြည်မြို့မှာရှိ တဲ့တက္ကသိုလ်ကျောင်းသားတွေ တော်တော်များများလာကြိုကြပါတယ်’’ ဟု ပြည် နည်း ပညာတက္ကသိုလ်မှ တတိယနှစ်ကျောင်းသားတစ်ဦးကပြောသည်။

‘‘ကျောင်းသားတွေကို တား ဆီးတာတွေ၊ ဖြိုခွင်းတာတွေ လက်မခံဘူး။ ၈၈ လိုပြန်မဖြစ် ချင်ဘူး။ သူတို့ ဘာသာပညာရေးစနစ်ကိုကန့်ကွက်တာ အစိုးရက လက်ခံရမယ်။ ပြည်သူတွေက လည်း ကျောင်းသားတွေနဲ့ အတူ တူပဲဆိုတာ သိစေချင်တယ်’’ဟု ပြည်မြို့ဒေသခံ ဦးကျော်မြင့်ကပြောသည်။

သပိတ်မှောက်ကျောင်းသား များ ဖေဖော်ဝါရီ ၈ ရက်က ကသစ်ကန်ကျေးရွာမှ စတင်ထွက် လာချိန်တွင် ကသစ်ကန်ကျေးရွာ မှ မူလတန်းကျောင်းသားကလေး ငယ် ၅၀ ခန့်သည် သပိတ်စစ် ကြောင်းအတွင်းလိုက် ပါ၍ နေ့ လယ်ထမင်းစား နားသည့်အချိန် ထိ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

သပိတ်မှောက်ကျောင်းသားများ ပြည်မြို့အတွင်းသို့ ရောက်ရှိလာချိန်တွင် ထောင်နှင့် ချီသောပြည် သူများက ကြိုဆိုခဲ့ကြသည်။

‘‘တားဆီးခံရတာ ဒီတစ် ကြိမ်တော့ မဟုတ်ဘူး။ တောင် သာမှာလည်း ဒီလိုပဲ။ ပြည်သူအားနဲ့တိုးထွက်လာခဲ့ တယ်။ ဒီပြည်မှာ လည်း ပြည်သူအားနဲ့ပဲ တိုးထွက် လာခဲ့တာပါ။ ကျွန်တော်တို့ဘက် မှာ ပြည်သူတွေရှိပါ တယ်’’ဟု ဗကသကျောင်းသားဥက္ကဋ္ဌကျော် ကိုကိုကပြောသည်။

သပိတ်မှောက်ကျောင်းသား များသည် ယနေ့တွင် ပြည်မြို့ အတွင်း၌ လမ်းလျှောက်ချီတက် သွားမည်ဖြစ် သည်။

7Day News Journal

No comments:

Post a Comment

My Blog List