Wednesday, February 11, 2015

လမ်းလျှောက်ဆန္ဒပြမှုများ ရပ်တန့်ရန် ယနေ့ဆွေးနွေးပွဲရလဒ်အပေါ်မူတည်


အစိုးရက လမ်းလျှောက် ချီတက်ဆန္ဒပြမှု ရပ်ဆိုင်းရန် ကြေညာထားသော်လည်း ကျောင်းသားသပိတ် စစ်ကြောင်းများ ရပ်တန့်ရေးသည် ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) ပြုလုပ်မည့် ပညာရေးလေးပွင့်ဆိုင်ဆွေးနွေး မှုရလဒ် အပေါ်မူတည် နေကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကပြောသည်။
လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ ရရှိလာသော သဘောတူညီချက်များကို ပညာရေးဝန်ကြီးဌာနက လွှတ်တော် သို့ ပြန်လည်တင်ပြမည့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတွင်  ထည့်သွင်းပေးသွား မည်ဖြစ်ပြီး ဆန္ဒပြမှုများ ရပ်ဆိုင်းကြရန် အစိုးရက ထုတ်ပြန်ထားသည်။

သို့သော် သပိတ်မှောက် ကျောင်းသားများက ဆွေးနွေးပွဲရလဒ်ကို ဆက်လက်စောင့်ကြည့် မည်ဖြစ်ပြီး သပိတ်စစ်ကြောင်းများကို ရပ်ဆိုင်းခြင်းမပြုဘဲ ပုံမှန်ချီတက်မှုများပြုလုပ်သွားမည်ဖြစ် ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှုဦးဆောင်ကော်မတီမှ မဖြိုး ဖြိုးအောင်ကဆိုလာသည်။

‘‘မနက်ဖြန်တွေ့မယ့် လေး ပွင့်ဆိုင်ဆွေးနွေးပွဲပေါ်မှာမူတည် နေပါတယ်။ ကျွန်မတို့ကတော့ နဂိုအတိုင်းပဲ ဆက်လက်ချီတက်နေမှာပါ။ အကြိုဆွေးနွေးပွဲမှာလည်း သပိတ်စစ်ကြောင်းရပ်ဆိုင်းဖို့ ပြောထားတာမရှိပါ ဘူး’’ဟု မဖြိုးဖြိုးအောင်က ပြောသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးတတိယအကြိမ်လေး ပွင့်ဆိုင်ဆွေးနွေးပွဲကို ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်တွင် နံနက် ၉နာရီခွဲမှစတင်ပြုလုပ်သွား မည်ဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေးနိုင်ငံလုံးဆိုင် ရာကွန်ရက်(NNER)တို့မှကိုယ် စားလှယ် ၂၀ဦးစီ တက်ရောက်ကြ မည်ဖြစ်သည်။

မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ဦးတည်ချီတက်လာသော ပင်မကျောင်းသားသပိတ် စစ်ကြောင်း၊ ပုသိမ်မြို့မှ ချီတက်လာသော ဧရာဝတီစစ်ကြောင်း၊ ပခုက္ကူ စစ်ကြောင်းနှင့်ထားဝယ်စစ်ကြောင်းများ အင်အားကြီးထွား လာခြင်းကြောင့် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ကျောင်းသားများ တောင်းဆိုထားသည့် အချက် ၁၁ ချက်ကို ညှိနှိုင်းအဖြေရှာ၍ သဘောတူညီမှုရရှိရန်လိုအပ်နေသည်။

7Day News Journal

No comments:

Post a Comment

My Blog List