Friday, February 13, 2015

ဗိုလ်ချုပ်အောင်ဆန်း၏ သက္ကရာဇ်များ





















၁၃ ဖေဖော်ဝါရီ ၁၉၁၅ – မကွေးတိုင်း၊ နတ်မောက်မြို့တွင် အဖရှေ့နေ ဦးဖာနှင့်အမိဒေါ်စုတို့မှဖွားမြင်၊ ငယ်နာမည် မောင်ထိန်လင်းဖြစ်သည်။

၁၉၃၂ – ရေနံချောင်းအမျိုးသားကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်မြင်၊ မြန်မာစာနှင့် ပါဠိ ဘာသာဂုဏ်ထူး ရရှိ၊

၁၉၃၄ – ဥပစာဝိဇ္ဇာ ဒုတိယနှစ်စာမေးပွဲအောင်မြင်ပြီး ၀ိဇ္ဇာပထမနှစ် တက်ရောက်သင်ယူ။

၁၉၃၅ – ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် အရွေးခံရ- အိုးဝေ မဂ္ဂဇင်းအယ်ဒီတာ တာဝန်ထမ်းဆောင်။

ဖေဖော်ဝါရီ- ၁၉၃၆ – အိုးဝေမဂ္ဂဇင်းတွင် ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါးဖော်ပြခဲ့သဖြင့် ကျောင်းထုတ်ခံရ။

၁၉၃၆- ၃၇ -ပဲခူးသဟာယအသင်းနှင့် စာဖတ်အသင်းဥက္ကဋ္ဌ၊ တက္ကသိုလ် သမဂ္ဂတွင် ဒု- ဥက္ကဋ္ဌ အဖြစ် ရွေး ခံရ။

၁၉၃၈ – ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ။

၁ အောက်တိုဘာ ၁၉၃၈ – နိုင်ငံရေးလုပ်ရန် ဒို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၊ သခင်အောင်ဆန်းအမည် ခံယူ။

၃ နိုဝင်ဘာ ၁၉၃၈ – ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌတာဝန်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ တာဝန်တွေမှ နုတ်ထွက်။

၂၃ ဇန်န၀ါရီ ၁၉၃၉ – အမျိုးသားရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် ဗြိတိသျှအစိုးရရဲ့ ဖမ်းဆီးခံရ  ပြီး ထောင်ဒဏ် ၁၅ ရက်ကျခံ။

ဧပြီ ၁၉၃၉ – ဒို့ဗမာအစည်းအရုံး ဗဟို အထွေထွေအတွင်းရေးမှူးအဖြစ်ရွေးကောက်ခံရ။

၁၅ သြဂုတ် ၁၉၃၉ – ဗမာပြည်ကွန်မြူနစ်ပါတီကို လျှိ့ဝှက်စွာတည်ထောင်ပြီး အထွေထွေအတွင်းရေး မှူးအဖြစ် တာဝန်ယူ။

၁ စက်တင်ဘာ ၁၉၃၉ – ဗမာ့ထွက်ရပ်ဂိုဏ်းထူထောင်ရာမှာပါဝင်ပြီး အထွေထွေအတွင်းရေးမှူး တာဝန် ထမ်းဆောင်။

၁၉ မတ်လ ၁၉၄၀ – အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင် ကျင်းပသည့် အိန္ဒိယ အမျိုးသားကွန်ဂရက်ညီလာခံသို့ တက်ရောက်။

၁၇ ဇွန်လ ၁၉၄၀ -ဇလွန်မြို့တွင်ကျင်းပသည့် ဟောပြောပွဲကို အကြောင်းပြုပြီး ကာကွယ်ရေး ဥပဒေနှင့် ဖမ်းဆီးရန် သခင်အောင်ဆန်းကို ဗြိတိသျှအစိုးရက ဖမ်းဝရမ်းထုတ်။

၈ သြဂုတ် ၁၉၄၀ – မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ပအကူအညီယူရန် သခင်လှမြိုင်နှင့်အတူ တရုတ်နိုင်ငံ အမွိုင်မြို့ကို နော်ဝေပိုင် ဟိုင်းလီသင်္ဘောဖြင့် တရုတ်သင်္ဘောသားဟန်ဆောင် ရုပ်ဖျက်ထွက်ခွာ။

၁၂ နိုဝင်ဘာ ၁၉၄၀ – ဂျပန် ဗိုလ်မှူးကြီး စူဇူကီးက ဆက်သွယ်ခေါ်ယူသဖြင့် တရုတ်နိုင်ငံ အမွိုင်မှ ဂျပန်နိုင်ငံ သို့ရောက်ရှိ။ ထို့နောက် လွတ်လပ်ရေးလုပ်ငန်းစဉ်များညှိနှိုင်းပြီး လုပ်ဖော်ကိုင်ဖက်များနှင့်တိုင်ပင် ရန် မြန်မာနိုင်ငံပြန်။

၂၇ မတ် ၁၉၄၁ – ရဲဘော်သုံးကျိပ်ပထမအသုတ်နဲ့အတူ ဂျပန်နိုင်ငံ တိုကျိုမြို့ကိုရောက်ရှိ။

ဧပြီ ၁၉၄၁ -ဂျပန်ထံမှ စစ်ပညာသင်ယူရန် ဟိုင်နန်ကျွန်းသို့သွားရောက်။

ဒီဇင်ဘာ ၁၉၄၁ – ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် လက်မောင်းသွေးဖောက် သစ္စာပြုကာ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ)ကို ဖွဲ့စည်းတည်ထောင်ပြီး ဗိုလ်တေဇအမည်ခံယူ။

၂၇ ဇူလိုင် ၁၉၄၂ – ဘီအိုင်အေကိုဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်သေနာပတိ တာဝန်ထမ်းဆောင်။

၆ စက်တင်ဘာ ၁၉၄၂- သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် ထိမ်းမြားလက်ထပ် သည်။

မတ်လ ၁၉၄၃- ဘီဒီအေတွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ရာထူးတိုးမြှင့်ခံရ၊ ဂျပန်နိုင်ငံ တိုကျိမြို့ကို သွားရောက်ပြီး ဂျပန်ဘုရင်ဟီရိုဟီတိုချီးမြှင့်သည့် တက်နေ၀န်းတံဆိပ်နှင့် စလွယ်ဆုလက်ခံယူ။

၁ သြဂုတ် ၁၉၄၃ – မြန်မာနိုင်ငံကို ဂျပန်လက်အောက် လွတ်လပ်သည့်နိုင်ငံ အဖြစ် ကြေညာပြီး အစိုးရ အဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းစစ်ဝန်ကြီး အဖြစ် တာဝန်ယူ။

၂၇ မတ်လ- ၁၉၄၅ – မြန်မာပြည်အနှံ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးတိုက်ပွဲတွင် ဦးဆောင်ပါဝင်။

၂၇ အောက်တိုဘာ ၁၉၄၅ မျိုးချစ်ဗမာ့တပ်မတော်၏ ဗိုလ်ချုပ်ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံရေး နယ်ပယ် သို့ ပြန်လည်ဝင်ရောက်။

ဇန်န၀ါရီ – ၁၉၄၆- ဖဆပလ ပထမဆုံးပြည်လုံးကျွတ်ညီလာခံတွင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခံရ။

စက်တင်ဘာ ၁၉၄၆- မြန်မာနိုင်ငံ အမှုဆောင်ကောင်စီရဲ့ ဒုတိယ သဘာပတိအဖြစ် အရွေးချယ်ခန့်အပ်ခံရ (ကာကွယ်ရေးနဲ့နိုင်ငံခြားရေးဌာန တာဝန်ပူးတွဲတာဝန်ယူ)

၂ ဇန်န၀ါ ၁၉၄၇ – အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၀န်ကြီးချုပ် ဂျဝါဟာလာ နေရူးနှင့်တွေ့ဆုံ။

၂၇ ဇန်န၀ါရီ ၁၉၄၇ – ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဗြိတိသျှအစိုးရ ကိုယ်စားလှယ် နန်းရင်းဝန် အက်တလီနှ င့် တွေ့ဆုံဆွေးနွေးပြီး တနှစ်အတွင်းမြန်မာကိုလွတ်လပ်ရေးပေးရန် အာမခံသည့် အောင်ဆန်း- အက်တလီ စာချုပ် ချုပ်ဆို။

၁၂ ဖေဖော်ဝါရီ ၁၉၄၇- ပြည်မနှင့် တောင်တန်းဒေသ ပေါင်းစုပြီး လွတ်လပ်ရေးအတူရယူကြရန် တိုင်းရင်း သားကိုယ်စားလှယ် ၂၃ ဦးနှင့်အတူ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆို။

၉ ဧပြီ ၁၉၄၇- တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလ အနိုင်ရပြီး ရန်ကုန်မြို့ လမ်းမတော် မဲဆန္ဒနယ်မှ ၀င်အရွေးခံသည့် ဦးအောင်ဆန်း လွှတ်တော်အမတ်ဖြစ်လာ။

၁၆ ဇွန် ၁၉၄၇- တိုင်းပြုပြည်ပြုလွှတ်တော်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံမူများ ဦးဆောင်တင်သွင်း။

၁၃ ဇူလိုင် ၁၉၄၇- ရန်ကုန်မြို့တော်ခန်းမတွင် တိုင်းပြည်နှင့် ပြည်သူများကို မကွယ်လွန်ခင်နောက်ဆုံး မိန့်ခွန်းပြောကြား။

၁၉ ဇူလိုင် ၁၉၄၇- ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် ၀န်ကြီးများအစည်း အဝေးကျင်းပနေစဉ် ဂဠုန်ဦးစော ရဲ့ နောက်လိုက်တွေရဲ့ လုပ်ကြံသတ်ဖြတ် မှုကြောင့် ကျဆုံးခဲ့ရသည်။

ကိုးကား – aungsan.com
DVB

No comments:

Post a Comment

My Blog List